Google Play Store မှာ ၂ ပတ်ပဲ ရှိသေးပေမယ့်၊ Downloads အရေအတွက်  ၁ သန်းပြည့်သွားတဲ့ Microsoft Edge Browser

date_range 11 December 2017

Google Play Store မှာ ၂ ပတ်ပဲ ရှိသေးပေမယ့်၊ Downloads အရေအတွက် ၁ သန်းပြည့်သွားတဲ့ Microsoft Edge Browser

visibility 2340 Views

                Microsoft ဟာ Windows 10 ရဲ့ Edge Browser ကို Android Devices တွေအတွက် လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းက Mobile Version အနေနဲ့ ထုတ်ပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်အထိ Microsoft Edge Browser ဟာ Play Store မှာ Beta Preview အဖြစ်သာ ရှိခဲ့ပြီး၊ နိုဝင်ဘာလ (၂၉) ရက်နေ့ကမှ Official Version အဖြစ် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

                Microsoft Edge Browser ဟာ Stable Version အဖြစ် ထွက်လာတာ (၂) ပတ်လောက်ပဲ ရှိသေးပေမယ့်၊ အခုအခါမှာတော့ Play Store မှာ စုစုပေါင်း Downloads အကြိမ်အရေအတွက် တစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

                အခုလိုမျိုး လျှင်လျှင်မြန်မြန်နဲ့ Download ရယူသူ ၁ သန်းပြည့်သွားတာက Windows 10 ကွန်ပျူတာတွေနဲ့ သုံးစွဲဖို့အလွန်လွယ်ကူတဲ့ "Continue On PC" Feature ကြောင့်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ အဆိုပါ Feature ဟာဆိုရင် ကိုယ့်ရဲ့ စမတ်ဖုန်း Browser မှာ ကြည့်ရှုနေတဲ့ Web Page တစ်ခုကို Windows 10 အသုံးပြုနေတဲ့ ကိုယ့်ကွန်ပျူတာမှာ ခလုတ်တစ်ခုနှိပ်ရုံနဲ့ ချက်ချင်းပေးပို့နိုင်တဲ့ အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒီ Feature ကို Chrome အပါအဝင် Android Browser တော်တော်များများမှာ အသုံးပြုလို့ရတယ်ဆိုပေမယ့်၊ Edge Browser မှာတော့ တခါတည်း Built-in ပါဝင်လာတာ ဖြစ်လို့ သုံးရတာ ပိုအဆင်ပြေတယ်လို့ ပြောရမှာပါ။ "Continue on PC" ကို အသုံးပြုဖို့အတွက် Android Edge Browser နဲ့ Windows 10 PC တို့မှာ Microsoft Account ဝင်ထားပေးဖို့တော့ လိုအပ်ပါတယ်။


                Continue on PC Feature တွေအပြင် Microsoft Edge Mobile Version မှာ အခြားအသုံးဝင်တဲ့ Feature တွေဖြစ်တဲ့ Reading List, New Tab Page နဲ့ Dark Mode စတဲ့ Features တွေလည်း ပါဝင်ပါတယ်။ ပြီးတော့ Google Chrome ရဲ့ Blink Engine ကို အသုံးပြုထားတဲ့အတွက် Google Chrome နီးပါး မြန်ဆန်နေတာကိုလည်း တွေ့ရမှာပါ။

                တကယ်လို့ ကိုယ့်ကွန်ပျူတာမှာလည်း Windows 10 သုံးနေတယ်ဆိုရင်တော့ Microsoft Edge Browser for Android က တကယ့်ကို စမ်းသပ်သုံးကြည့်သင့်တဲ့ Mobile Browser တစ်ခုဖြစ်ပါတယ်။

References
Android Authority
About Author
Assinged Tags
Microsoft Android Windows 10 Browser Edge Browser Mobile Browser Microsoft Edge Continue on PC
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed