မကြာမီထွက်ရှိလာမယ့် Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေကို ကြိုတင်ပြသလိုက်တဲ့ Xiaomi

date_range 05 December 2017

မကြာမီထွက်ရှိလာမယ့် Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေကို ကြိုတင်ပြသလိုက်တဲ့ Xiaomi

visibility 4340 Views

                Xiaomi ၏ Product Management Director ဖြစ်တဲ့ Donovan Sung ဟာ တရားဝင်မိတ်မဆက်ရသေးတဲ့ Redmi 5 နဲ့ Redmi 5 Plus စမတ်ဖုန်းတွေရဲ့ ဓာတ်ပုံတွေကို သူ့ Twitter စာမျက်နှာမှာ ယနေ့၊ နေ့ခင်း ၁၂နာရီ အချိန်လောက်က တင်ပေးခဲ့ပါတယ်။ တစ်လက်စတည်း ဒီဖုန်းတွေကို တရုတ်ပြည်မှာ ဒီဇင်ဘာ (၇) ရက်နေ့ (ကြာသပတေးနေ့) မှာ တရား၀င်မိတ်ဆက်တော့မှာဖြစ်ကြောင်း လည်း ထပ်မံကြေညာသွားခဲ့ပါတယ်။

                လောလောဆည်မှာ ဖုန်းတွေရဲ့ Specifications နဲ့ ပတ်သတ်ပြီးတော့ တရား၀င် ထုတ်ပြန်ကြေညာထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် ပုံမှာမြင်တွေ့ရသလောက်ကနေ ခန့်မှန်းကြည့်မယ်ဆိုရင် ပါးလွှာတဲ့ဘေးဘောင်တွေကို မြင်တွေ့ရမှာဖြစ်ပြီး Screen Ratio အနေနနဲ့ ယခုနှစ်အတွင်းထွက်ရှိထားသည့် အခြား High-End ဖုန်းတွေလိုပဲ 18:9 Ratio Display ကို အသုံးပြုထားတာ မြင်တွေ့ရမှာပါ။ ဒါပေမယ့် Redmi စီးရီးဖုန်းတွေ ထုံးစံအတိုင်း တခြား Bezel-less ဖုန်းတွေထက် ဒီ Redmi 5 နဲ့ 5 Plus  ဖုန်းတွေက ပိုစျေးသက်သာမယ်လို့ ခန့်မှန်းရပါတယ်။


                ဘာဖြစ်လို့လဲဆိုရင် Redmi 4 နှင့် Redmi Note 4 ထွက်ရှိခဲ့စဉ်အချိန်တုန်းက အိန္ဒိယနိုင်ငံရဲ့ ရောင်းအားအကောင်းဆုံးဖုန်းတွေအဖြစ်ရပ်တည်နိုင်ခဲ့ပြီး၊ Samsung ကိုကျော်လွန်ကာ India’s Number One Smartphone Brand ဆုကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။

                Redmi 5 နှင့် 5 Plus ရဲ့ ရောင်းချမယ့်စျေးနှုန်းကိုတော့ တရား၀င် ကြေညာရခြင်း မရှိသေးဘဲ၊ Redmi 4 စတင်ရောင်းချတုန်းကတော့ ၁၀၈ ဒေါ်လာ၀န်းကျင်နဲ့ ရောင်းချသွားခဲ့တာ ဖြစ်ပါတယ်။

                Redmi 4 တုန်းက ၁၀၈ ဒေါ်လာလောက်နဲ့  Snapdragon 435 SoC ၊ 13-megapixel Main Camera, 4100 mAh Battery နဲ့ 5 inch 720p Display, Metal Body သုံးထားတဲ့ ဖုန်းတစ်လုံးကို ရရှိခဲ့ကြပါတယ်။ မကြာခင်ကထွက်လာတဲ့ Snapdragon 425 ၊ 3,000mAh Battery နဲ့ Redmi 5A ဖုန်းဆိုရင်လည်း ၇၈ ဒေါ်လာပဲ ကျသင့်ခဲ့တာပါ။ ဒါကြောင့် Xiaomi အနေနဲ့ အခု Redmi 5 နဲ့ 5 Plus ဖုန်းတွေကိုလည်း အရင် Redmi ဖုန်းတွေ လမ်းစဉ်အတိုင်း သင့်တင့်တဲ့ Specifications၊ သက်သာတဲ့စျေးနှုန်းတွေနဲ့ ရောင်းချနိုင်မလားဆိုတာကတော့ ဒီဇင်ဘာ (၇) ရက်နေ့ တရားဝင်မိတ်ဆက်ပွဲမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။


This Article is Contributed by Phyo Kyaw Zwar
References
The Verge
About Author
Assinged Tags
Xiaomi Smartphones Redmi 5 Bezel-Less Display Redmi 18:9 Aspect Ratio Redmi 5 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed