Android အတွက် Google Chrome Browser မှာ HDR Video Playback Support ပေးတော့မည်

date_range 07 December 2017

Android အတွက် Google Chrome Browser မှာ HDR Video Playback Support ပေးတော့မည်

visibility 380 Views

                Android ဖုန်းအမြင့်တွေမှာ HDR စနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ Display တွေကို သုံးစွဲလာကြပြီးတော့ အခုအချိန်မှာ Netflix နဲ့ YouTube ကနေလည်း HDR Video တွေကို Support ပေးလာပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Android Web Browser တစ်ခုဖြစ်တဲ့ Google Chrome Browser မှာ HDR Content တွေကို ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ 

                အမှန်အတိုင်းပြောရရင် Google က Android Version 7.0 Nougat ထဲက HDR Playback တွေကို Support ပြုလုပ်ခဲ့တာဖြစ်ပေမယ့် HDR Content တွေနည်းပါးသေးတာနဲ့ HDR ကို Support ပြုလုပ်တဲ့ Devices တွေလည်း နည်းပါးသေးတဲ့အတွက် အသုံးပြုမှုနည်းပါးခဲ့တာလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ HDR Playback ကို Google Play Movies & TV, Netflix နဲ့ YouTube တွေမှာပဲ အသုံးပြုနိုင်သေးတာဖြစ်ပြီး အခုမှသာ Google Chrome Browser ပါဝင်လာမှာဖြစ်ပါတယ်။ 

                Android အတွက် Google Browser ဟာ အခုဆိုရင် HDR metadata တွေကို MediaCodec Class အနေနဲ့ Extract ပြုလုပ်မှာဖြစ်ပြီး၊ VP9 Profile 2 (10 Bit) Video Codec နဲ့ Encode လုပ်ထားတဲ့ HDR Video ကိုကြည့်ရှုနိုင်မှာပါ။ 

                အခုလိုမျိုး Google Chrome Browser မှာ HDR Playback တွေကို Support ပြုလုပ်တော့မှာက ကောင်းတဲ့အချက်ပေမယ့် လက်ရှိအချိန်မှာတော့ HDR Support ပြုလုပ်တဲ့ Mobile Devices တွေရော၊ HDR Content တွေရော အလွန်နည်းပါးနေသေးပါတယ်။ ဒါ့အပြင် HDR Content တွေက ပုံမှန်ထက်ပိုပြီး Bandwidth လိုအပ်တဲ့အတွက် Data Speed နှေးတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာတော့ အဆင်ပြေဖို့ အချိန်လိုအပ်ဦးမှာဖြစ်ပါတယ်။ 

                ဘာပဲဖြစ်ဖြစ် အခုလိုမျိုး HDR ကို Support ပြုလုပ်တဲ့ Application တွေများပြားလာတာက နောက်နှစ်မှာ HDR Display ကို အမြင့်ပိုင်းဖုန်းအများစုမှာ တွေ့မြင်ရဖို့ အခွင့်အရေးပိုများလာတယ်လို့ ပြောရမှာပါ။

                တကယ်လို့ ခင်ဗျားဖုန်းက HDR Playback Support လုပ်ပြီး၊ အင်တာနက်လိုင်းလည်း ကောင်းတယ်ဆိုရင် အောက်ပါ YouTube Video ကို ကြည့်ပြီး HDR အရသာကို ခံစားကြည့်လိုက်ပါ။



References
XDA Developers
About Author
Assinged Tags
Google Android Applications Chrome Mobile Browser HDR Videos HDR HDR Support HDR Playback
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed