User အချက်အလက်တွေကို မလိုအပ်ဘဲ ရယူနေတဲ့ App တွေကို နှိမ်နင်းတော့မယ့် Google

date_range 06 December 2017

User အချက်အလက်တွေကို မလိုအပ်ဘဲ ရယူနေတဲ့ App တွေကို နှိမ်နင်းတော့မယ့် Google

visibility 680 Views

                Google ဟာ Android Phone အသုံးပြုသူတွေကို ကာကွယ်ပေးဖို့အတွက် ပြောင်းလဲမှုတွေ အမြောက်အများကို အားထည့်လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အခုတစ်ပတ် အစောပိုင်းတုန်းက ဖုန်းရဲ့ Lock Screen ပေါ်မှာ ကြော်ငြာတွေ ပြသနေတဲ့ App တွေကို၊ Lock Screen မှာ ကြော်ငြာပြသခွင့် ပိတ်ခဲ့ပါသေးတယ်။ ဒီ Lock Screen Ads တွေကနေတဆင့် User တွေအနေနဲ့ သူတို့မလိုချင်တဲ့ Apps တွေကို Download လုပ်မိသွားနိုင်သလို၊ အဆိုပါ Apps တွေဟာ User တွေရဲ့ Data တွေကို User ခွင့်ပြုချက်မရှိဘဲ ရယူစုဆောင်းနေနိုင်ပါတယ်။

                Lock Screen ပေါ်မှာ (ဥပမာ- Your Phone has virus!, You have won iPhoneX!, Are you 18+, etc….) စသဖြင့် ကြော်ငြာတွေ ထိုးပြီး၊ ဖုန်းထဲကို မလိုအပ်တဲ့ Apps တွေ သွင်းမိအောင် အမျိုးမျိုးဆွဲဆောင်နေကြလို့ Google က Lock Screen Ads တွေကို အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Lock Screen App အဖြစ် ရည်ရွယ်ထုတ်ထားတဲ့ Apps တွေကို ပိတ်ပင်ခဲ့တာမဟုတ်ဘဲ၊ ES File Explorer လို Lock Screen နဲ့ မဆိုင်ဘဲ Lock Screen မှာပါ ကြော်ငြာလာပြနေတဲ့ Apps တွေကို ကြော်ငြာပြခွင့်ပိတ်ခဲ့တာ ဖြစ်ပါတယ်။ 


                အခုလည်း Google ဟာ User တွေရဲ့ Information တွေကို ခွင့်ပြုချက် မရှိဘဲ Sharing လုပ်နေတဲ့ Apps တွေကို အရေးယူမယ့် ပေါ်လစီအသစ်တစ်ရပ်ကို ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လတုန်းကလည်း Google ဟာ User Data တွေကို အသုံးပြုသူရဲ့ သဘောတူညီချက်မရဘဲ Server ဆီပြန်ပို့နေတဲ့ UC Browser ကို Play Store ပေါ်က ဖယ်ရှားပစ်ခဲ့ပါသေးတယ်။

                Google ကိုယ်ပိုင် Browser တစ်ခုဖြစ်တဲ့ Chrome ရဲ့ Safe Browsing Team ဟာ Apps တွေရဲ့ User Data ရယူပုံအပေါ် စည်းကမ်းချက်အသစ်တွေ ထုတ်လိုက်ပါတယ်။ အခုပေါ်လစီအသစ်အရ Apps တွေအနေနဲ့ သူတို့ရဲ့ Privacy Policy ( User အချက်အလက်ရယူအသုံးချပုံ) ကို User တွေသိအောင် ဖော်ပြပေးရမှာဖြစ်သလို၊ User Data မျှဝေမယ်ဆိုရင်လည်း User ဘက်က ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပါတယ်။ User Data ဆိုရာမှာ User ရဲ့ ဖုန်းနံပါတ်၊ သူ့ဖုန်းထဲမှာ သွင်းထားတဲ့ Apps တွေရဲ့ စာရင်း စသဖြင့် User နဲ့ သက်ဆိုင်သမျှ Data အကုန် အကျုံးဝင်မှာ ဖြစ်ပါတယ်။

"App တစ်ခုအနေနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ မသက်ဆိုင်တဲ့ Personal Data တွေကို ရယူပြီး၊ ပြန် ပေးပို့ချင်တယ်ဆိုရင်၊ ဒီလိုမလုပ်ခင်မှာ အဆိုပါ App အနေနဲ့ Personal Data တွေကို ဘယ်ပုံဘယ်နည်း ပြန်အသုံးချမယ်ဆိုတာနဲ့ ဒီလို အသုံးချမှုကို User ဘက်က သိရှိလက်ခံရဲ့လားဆိုတာ ထင်ထင်ရှားရှား အသိပေးဖော်ပြရမှာဖြစ်ပါတယ်။”

                ဥပမာအားဖြင့် App တစ်ခုဟာ Analytics ဒါမှမဟုတ် Crash Reports တစ်ခုကို Server တစ်ခုဆီ ပြန်ပို့ချင်တယ်ဆိုရင် ဖုန်းထဲသွင်းထားတဲ့ Application Packages စာရင်းမျိုးကို User ဆီက ခွင့်ပြုချက်မတောင်းဘဲ ပြန်ပေးပို့လို့ ရမှာမဟုတ်ပါဘူး။

                စိတ်၀င်စားစရာ ကောင်းတာက Google ရဲ့ အခု ပေါ်လစီအသစ်မှာ Play Store က Apps တွေတင် မကဘဲ၊ Play Store မဟုတ်တဲ့ တခြား Third-Party App Store တွေက ရယူထားတဲ့ Apps တွေပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဘယ်ကယူထားတဲ့ App ဘဲဖြစ်ဖြစ် Google ရဲ့ Android ဖုန်းထဲရောက်နေရင် Google Policy ကို လိုက်နာရပါမယ်။ ဒါမှမဟုတ်ရင်ဘဲ App တစ်ခုက User ကို အသိမပေးဘဲ Data Collect လုပ်ဖို့ ကြိုးစားတာနဲ့ Google Play Protect က Warning ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင် ဒီလိုပေါ်လစီ မလိုက်နာတဲ့ App တွေကို ဖြန့်ဖြူးပေးနေတဲ့ Websites တွေကိုပါ User က ဝင်ဖို့ လုပ်တာနဲ့ Google Chrome က User ကို အနီရောင် Warning Box တွေနဲ့ သတိပေးတားမြစ်သွားမှာ ဖြစ်ပါတယ်။


                အခုပေါ်လစီအသစ်မစခင်မှာ Android Developer တွေနဲ့ Webmaster တွေအနေနဲ့  ပေါ်လစီနဲ့ မကိုက်တဲ့ သူတို့ရဲ့ App တွေကို ပြန်လည် ပြင်ဆင်ဖို့ အချိန် ၂လခန့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

This Article is Contributed by Thaw Zin
References
Android Authority
About Author
Assinged Tags
Chrome Google Play User Data Privacy Ads Google Play Protect Safe Browsing Information
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed