ဒီဇင်ဘာလ ၇ ရက်နေ့မှာ 18:9 Display နဲ့ ထွက်ရှိလာတော့မယ့် Xiaomi Redmi 5 နဲ့ Redmi 5 Plus

date_range 01 December 2017

ဒီဇင်ဘာလ ၇ ရက်နေ့မှာ 18:9 Display နဲ့ ထွက်ရှိလာတော့မယ့် Xiaomi Redmi 5 နဲ့ Redmi 5 Plus

visibility 3660 Views

                Xiaomi ကနေ Budget ဖုန်း Series ဖြစ်တဲ့ Redmi Series ထဲမှာ ပထမဆုံးအနေနဲ့ 18:9 Display ကို အသုံးပြုလာမယ့် Redmi 5 နဲ့ Redmi 5 Plus ကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကြေငြာသွားမယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။


                အခု တရားဝင်မကြေငြာခင်မှာလည်း Redmi 5 စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေနဲ့ ပုံရိပ်တွေကို TENAA Website မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ TENAA Website အရတော့ Redmi 5 ဖုန်းက 5.7" 18:9 Ratio Screen ကို အသုံးပြုထားတယ်ဆိုပေမယ့် Resolution အရတော့ HD+ (1440×720 Pixels) Resolution ပဲရှိမှာဖြစ်ပါတယ်။

 

                အခြားသော Specification ပိုင်းတွေအရတော့ ပုံမှန်လို့ပဲပြောလို့ရပြီး 1.8Ghz Octa Core Processor ကို RAM ကလည်း Storage 16GB/32GB နဲ့ 64GB အပေါ်မှုတည်ပြီး 2GB/3GB နဲ့ 4GB ခန့်ပါဝင်မှာဖြစ်ပါတယ်။ 

                Redmi 5 ရဲ့ ကင်မရာပိုင်းကလည်း သာမန်အဆင့်ပဲလို့ ပြောလို့ရပြီးတော့ 12 Megapixels Back Camera နဲ့ 5 Megapixel Front Camera ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့တော့ 3200 mAh ပဲ ပါဝင်မှာဖြစ်ပြီး အရောင်တွေအနေနဲ့ Black, Rose Gold, Gold, White, Blue, Red, Pink, Gray နဲ့ Silver စတဲ့အရောင်မျိုးစုံထုတ်လုပ်သွားမယ်လို့ ဖော်ပြထားပါသေးတယ်။ 

                အခု Redmi 5 ဖုန်းကို မြန်မာငွေကျပ် ၂ သိန်းအောက် 999 Yuan နဲ့ ရောင်းချမှာဖြစ်ပြီး Redmi 5 Plus Version နဲ့ ဘယ်လောက်ကွာခြားမလဲဆိုတာကတော့ လောလောဆယ်မသိရသေးပါဘူး။ 


References
GSM Arena GSM Arena
About Author
Assinged Tags
Xiaomi Smartphones Redmi 5 18:9 Aspect Ratio Redmi 5 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed