Animoji Karaoke အပြင် Face ID ရဲ့ အားသာချက်တွေကို ပြသလိုက်တဲ့ Apple ရဲ့ ကြော်ငြာအသစ်များ

date_range 29 November 2017

Animoji Karaoke အပြင် Face ID ရဲ့ အားသာချက်တွေကို ပြသလိုက်တဲ့ Apple ရဲ့ ကြော်ငြာအသစ်များ

visibility 1140 Views

                iPhone X တွေ စတင် ရောင်းချပြီး မကြာခင်မှာပဲ Animoji ကို နောက်ခံ သီချင်းတွေ ပေါင်းစပ် ထည့်သွင်းထားတဲ့ Animoji Karaoke ဗွီဒီယိုတွေ ပျံနှံ့ ခေတ်စားလာခဲ့ပါတယ်။ Animoji ကို Message ပို့ရာမှာသာ သုံးစွဲဖို့ Apple က ရည်ရွယ်ထားခဲ့ပေမယ့် Idea ကောင်းတဲ့သူ တချို့က Animoji တွေကို သီချင်းပါ ဆိုခိုင်းလိုက်ပါတယ်။ အခုဆိုရင် အဲ့ဒီ့ Trend ထဲကို Apple ကိုယ်တိုင် ဝင်ရောက်လာပါပြီ။

                (၃၈) စက္ကန့်သာ ကြာမြင့်တဲ့ "Animoji Yourself" ဆိုတဲ့ ကြော်ငြာမှာ အဆိုတော် Big Boi ရဲ့ "All Night" သီချင်းကို နောက်ခံ ထားပြီး Animoji လေးတွေက သီချင်းကို လိုက်ဆိုနေသလိုမျိုး ပုံဖော်ထားပါတယ်။ Animoji Character မျိုးစုံ ပါဝင်ပြီး ဘေးနားက ပုံဖော်ပေးနေတဲ့ မော်ဒယ်ကလည်း Character နဲ့ လိုက်ဖက်တဲ့ အရောင်တွေကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ Animoji နဲ့ ဘာလုပ်လို့ရသေးတယ် ဆိုတာ Apple ကိုယ်တိုင် လမ်းပြပေးလိုက်တဲ့ ကြော်ငြာ တစ်ခုပါပဲ။



                “Animoji Yourself” နဲ့ အတူ Face ID ကြော်ငြာ (၄) ခုလည်း တစ်ချိန်တည်း ထွက်ရှိလာပါတယ်။ ပထမဆုံးတစ်ခု ကတော့ Apple Pay အပါအဝင် Face ID ရဲ့ Feature တွေ ကို Overview ပြသသွားတဲ့ “Introducing Face ID” ဆိုတဲ့ ကြော်ငြာ ဖြစ်ပါတယ်။ “လုံးဝ မမေ့နိုင်တဲ့၊ မှော်ဆန်တဲ့ Password က သင့်မျက်နှာ ပါပဲ” လို့ ဖော်ပြခဲ့ပြီး၊ “အကြည့်တစ်ချက်နဲ့ ဖုန်းကို Unlock လုပ်လိုက်ပါ” ဆိုတဲ့ Message ကို ပေးထားပါတယ်။



Face ID ဟာ အမှောင်ထဲမှာလည်း အလုပ်လုပ်နိုင်တယ် ဆိုတာကို “Opens In The Dark” လို့ နာမည်ပေးထားတဲ့ ဒီ ကြော်ငြာမှာ ပြသသွားပါတယ်။ Video ထဲမှာလည်း တော်တော်မှောင်နေလို့ မနည်း ကြည့်ယူလိုက်ရပါတယ်။ သူပေးထားတဲ့ Message လေးကတော့ “No Light, No Problem” ပါတဲ့။


နောက်တစ်ခု ကတော့ မျက်နှာပေါ်က မိတ်ကပ်တွေ၊ မျက်မှန်တွေ၊ ဆံပင်စတိုင်တွေ ပြောင်းသွားလည်း Face ID က အမြဲ အလုပ်လုပ်နိုင်မယ့် အကြောင်းကို ပြသထားတဲ့ “Knows You When You Change” ဆိုတဲ့ ကြော်ငြာ ဖြစ်ပါတယ်။



Apple Canada YouTube Channel မှာ တင်ခဲ့တဲ့ “Adapts To Your Face” ဆိုတဲ့ ကြော်ငြာတစ်ခုလည်း ရှိပါသေးတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ကြော်ငြာနဲ့ ပုံစံချင်း ဆင်တူပြီး၊ မျက်နှာပေါ်က မုတ်ဆိတ်မွေး၊ ပသိုင်းမွေးတွေ ရှည်လာရင်/ရိတ်လိုက်ရင် လည်း Face ID က ကောင်းကောင်း အလုပ်လုပ်နေဦးမှာ ဖြစ်ကြောင်း ပြသထားပါတယ်။



                Apple ရဲ့ ထုံးစံ အတိုင်းပဲ အခု အသစ်ထွက်လာတဲ့ ကြော်ငြာတွေဟာ Background Music ခပ်မိုက်မိုက်တွေနဲ့ စက္ကန့်ပိုင်းအတွင်း ပြစရာ ရှိတာ အကုန် ပြသွားတာကို တွေ့ရပါတယ်။ Apple ဟာ ဒီ ကြော်ငြာတွေကို TV, Web နဲ့ Instagram လို Social Network တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ iPhone X မှာ ပါဝင်လာတဲ့ Animoji ကို ကြိုက်တဲ့လူ ရှိသလို၊ မကြိုက်တဲ့လူလည်း ရှိပေမယ့်၊ Face ID ရဲ့ နေရာမရွေး၊ ပုံစံမရွေး အလုပ်လုပ်နိုင်တဲ့ အချက်တွေကိုတော့ အားလုံး သဘောတွေ့ကြမယ်လို့ ထင်ပါတယ်။

References
Mac Rumors
About Author
Assinged Tags
iPhone Apple iPhone X Face ID Animoji Advertisements
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed