Firefox မှာ Hack ခံထားရတဲ့ Site တွေကို ဝင်ရောက်မိပြီဆိုရင် Warning Notification ပြပေးတော့မယ့် Mozilla

date_range 24 November 2017

Firefox မှာ Hack ခံထားရတဲ့ Site တွေကို ဝင်ရောက်မိပြီဆိုရင် Warning Notification ပြပေးတော့မယ့် Mozilla

visibility 560 Views

                Website တွေနဲ့ Web Service တွေဟာ အမြဲမြဲလိုလို Hack လုပ်ခံနေရတာ ဖြစ်ပေမယ့် အခုအခါမှာတော့ မသမာတဲ့ Hacker အများစုဟာ Internet အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းထားတဲ့ Database များကို အကျိုးအမြတ်အတွက် အဓိကထားပြီး Hack လုပ်လာကြပါတယ်။

                Yahoo အသုံးပြုသူ 3 Billion ရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ မသမာတဲ့ Hacker တွေလက်ထဲ ရောက်ရှိနေပြီး၊ ယခုနှစ် အတွင်းမှာပဲ Customer Data ၁၄၃ သန်း ပါဝင်တဲ့ Equifax Company ရဲ့  Database ကိုလည်း Dump လုပ်ပစ်ခဲ့သလို၊ Uber အသုံးပြုသူ ၅၇ သန်း ရဲ့ Data တွေဟာလည်း Hack လုပ်ခံရပြီး ဖြစ်ပါတယ်။

                Hack လုပ်ခံရပြီဆိုရင် ပြန်လည်တုံ့ပြန်တဲ့ နေရာမှာ ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ တစ်ချို့တွေကတော့ အသုံးပြုသူတွေနဲ့ မီဒီယာတွေကို သတင်းထုတ်ပြန်ချက် ချက်ချင်းဆိုသလို ထုတ်ပေးပေမယ့် Uber လိုမျိုး နှုတ်ဆိတ်နေတတ်တဲ့ ကုမ္ပဏီတွေလည်း ရှိပါသေးတယ်။

                ဒီတော့ Internet အသုံးပြုသူတွေ အနေနဲ့ မိမိ အသုံးပြုခဲ့ဖူးတဲ့ Website မှာပဲဖြစ်ဖြစ်၊ လက်ရှိ သုံးနေတဲ့ Website မှာပဲဖြစ်ဖြစ် မိမိရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဒါမှမဟုတ် Email လိပ်စာတွေက Hack ခံရတဲ့ထဲ ပါသွားပြီလား ဆိုတာကို သိရှိနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အဲ့လိုလူတွေကို ကူညီပေးနိုင်မယ့် “Have I Been Pwned” လို Service မျိုးလည်း ရှိပါတယ်။

                ဒီ Service မှာ Hack လုပ်ခံရတဲ့ Website တွေ၊ Web Service တွေဆီက Username တွေ၊ Email လိပ်စာတွေကို သိမ်းဆည်းထားတဲ့ Database တစ်ခုရှိပြီး မိမိ Email Account ဟာ Hack လုပ်ခံထားရလား ဆိုတာကို https://haveibeenpwned.com/ မှာ သွားရောက် စစ်ဆေးနိုင်ပါတယ်။

                ဒါ့ကြောင့် Mozilla အနေနဲ့ Firefox အသုံးပြုသူတွေရဲ့ Security ပိုင်းအတွက် “Have I Been Pwned” က Database ကို Firefox Browser မှာ ထည့်သွင်းအသုံးပြုတော့မှာ ဖြစ်ပြီး Hack လုပ်ခံထားရတဲ့ Website  တွေကို ၀င်ရောက်မိတဲ့ User တွေအတွက် Firefox Browser မှာ Warning Notification အနေနဲ့ ပြပေးတော့မှာ ဖြစ်ပါတယ်။


                ဒါပေမယ့် ဒီ Feature အသစ်ဟာ Prototype အဆင့်မှာပဲ ရှိနေသေးပြီး Official အနေနဲ့တော့ မထွက်ရှိသေးပါဘူး။ Prototype အဆင့်မှာကတော့ အခု Feature ကို ဖွင့်လို့၊ ပိတ်လို့ မရသေးပါဘူး။ မိမိဝင်လိုက်တဲ့ Site က ယခင်က Hack ခံရဖူးပြီး လက်ရှိမှာ ကောင်းနေသေးတယ် ဆိုရင်လည်း Warning ပြနေဦးမှာပါ။

                Official ထွက်လာတဲ့ အခါမှာတော့ အခု Feature သစ်ကို ဖွင့်လို့၊ ပိတ်လို့ ရအောင် လုပ်ပေးမယ် ဆိုရင်တော့ ပိုအဆင်ပြေသွားမှာပါ။ အခုလောလောဆယ် Develop လုပ်နေဆဲဖြစ်တဲ့ Prototype Version ကိုလည်း GitHub မှာ သွားကြည့်နိုင်ပါတယ်။

References
Ghacks
About Author
Assinged Tags
Security Browser Cyber Security Cyber Laws User Privacy Firefox 53 Cyber Attack Hack Mozilla Hacker Mozilla Corporation
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed