Users  (၅၇) သန်းရဲ့ Data တွေ ခိုးယူခံရမှုကို ဖုံးကွယ်ထားခဲ့ကြောင်း Uber ဝန်ခံ

date_range 22 November 2017

Users (၅၇) သန်းရဲ့ Data တွေ ခိုးယူခံရမှုကို ဖုံးကွယ်ထားခဲ့ကြောင်း Uber ဝန်ခံ

visibility 9300 Views

                Uber Technologies Inc. ဟာ (၂၀၁၆) ခုနှစ်တုန်းက Data ပမာဏအမြောက်အများ ခိုးယူခံရမှုကို လူမသိအောင် ဖုံးကွယ်ထားခဲ့ကြောင်း အင်္ဂါနေ့ (မနေ့က) တရားဝင်ဝန်ခံပြောကြားလိုက်ပါတယ်။

                ကုမ္ပဏီတစ်ခုအနေနဲ့ Users Data တွေ ခိုးယူခံခဲ့ရရင် တရားဝင်အကြောင်းကြားဖို့ ဥပဒေပြဌာန်းချက်ရှိပေမယ့်လည်း Uber ကတော့ သတင်းထုတ်ပြန်ခြင်းမျိုး မရှိတဲ့အပြင်၊ Hackers တွေကို နှုတ်ဆိတ်နေဖို့နဲ့ Data တွေကို ဖျက်ပစ်ဖို့အတွက် ဒေါ်လာ တစ်သိန်းတိတိ လာဘ်ထိုးခဲ့တာ ဖြစ်ပါတယ်။

                (၂၀၁၆) ခုနှစ်၊ အောက်တိုဘာလမှာ အမည်မသိရတဲ့ Hackers တွေဟာ ကမ္ဘာတစ်ဝှမ်းလုံးက Uber ကုမ္ပဏီရဲ့ Taxi Service ကို အသုံးပြုသူ Customers တွေနဲ့ Drivers ပေါင်း (၅၇) သန်းရဲ့ နာမည်၊ Email Address နဲ့ ဖုန်းနံပါတ်တွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ Drivers စုစုပေါင်း (၇) သန်းခန့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်ခဲ့ပြီး၊ U.S က Drivers ပေါင်း (၆) သိန်းခန့်ရဲ့ လိုင်စင်နံပါတ်တွေပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ မှတ်ပုံတင်နံပါတ်၊ Credit Card နံပါတ်၊ လမ်းကြောင်းအချက်အလက်နဲ့ တခြားအချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။ 

                ဒီလို Users’ Data အမြောက်အများ ခိုးယူခဲ့ခဲ့ရတဲ့အဖြစ်အပျက်ကို Uber ကုမ္ပဏီက လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်းမရှိဘဲ တစ်နှစ်ကျော်ကြာ ဖုံးကွယ်ထားခဲ့တာဖြစ်ပါတယ်။ Uber ဟာ ယခုအဖြစ်အပျက်ကို ဖုံးကွယ်ပြီး၊ Hackers တွေကို Data ဖျက်ပေးဖို့နဲ့ နှုတ်ဆိတ်နေပေးဖို့အတွက် ဒေါ်လာ တစ်သိန်း လာဘ်ထိုးခဲ့တဲ့ ကုမ္ပဏီရဲ့ လုံခြုံရေးအရာရှိချုပ်နဲ့ လက်ထောက်အရာရှိတို့ကို ယခုရက်သတ္တပတ်အတွင်း အလုပ်ကနေ ထုတ်ပစ်လိုက်ပြီဖြစ်တယ်လို့ Bloomberg သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Hackers တွေ ဘယ်သူဘယ်ဝါလည်း ဆိုတာကိုတော့ ကုမ္ပဏီက မပြောခဲ့ပါဘူး။

“ မဖြစ်သင့်တဲ့အဖြစ်မျိုးပါပဲ။ ကျနော့်ဘက်ကလည်း ဘာမှ ဆင်ခြေဆင်လက်တွေ မပေးလိုပါဘူး။ ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းပုံစံတွေကို စပြင်နေပါပြီဗျာ”

လို့ Uber ရဲ့ CEO ရာထူးကို စက်တင်ဘာကမှ လွှဲပြောင်းရယူခဲ့သူ Dara Khosrowshahi က Email Statement မှာ ရေးသားထားပါတယ်။

                Uber ဘက်က အခုလို သတင်းထုတ်ပြန်အပြီးမှာတော့ New York ရှေ့နေချုပ် Eric Schniederman ဟာ ဒီအဖြစ်အပျက်ကို စတင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ရှေ့နေချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Amy Spitalnick က ပြောကြားခဲ့သလို၊ Uber ခရီးသည်တစ်ဦးကလည်း Data ပေါက်ကြားမှုကို လျစ်လျူရှုမှုကြောင့် ကုမ္ပဏီကို တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

                Uber ဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလည်း အများပြည်သူလုံခြုံရေးစိုးရိမ်ရတဲ့အတွက် London မှာ လုပ်ငန်းဆက်လုပ်ခွင့် ပိတ်ပင်ခံခဲ့ရ ပါတယ်။

                အဆိုပါ Data Breach ဖြစ်ချိန်ဟာ Privacy ချိုးဖောက်မှုနဲ့ U.S က စည်းကမ်းကြပ်မတ်ရေးအဖွဲ့အစည်းတွေနဲ့ Uber ကုမ္ပဏီတို့ ဆွေးနွေးနေတဲ့ အချိန်ကာလအတွင်းလည်း ဖြစ်ပါတယ်။ 

References
Bloomberg BBC
About Author
Assinged Tags
Security Uber Uber Myanmar Taxi Service Privacy Hack Ride-Hailing Service Data Breach
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed