‘အများပြည်သူလုံခြုံရေးစိုးရိမ်ရတဲ့အတွက်’ London မှာ ဆက်လက်ပြေးဆွဲခွင့်မရတော့တဲ့ Uber

date_range 25 September 2017

‘အများပြည်သူလုံခြုံရေးစိုးရိမ်ရတဲ့အတွက်’ London မှာ ဆက်လက်ပြေးဆွဲခွင့်မရတော့တဲ့ Uber

visibility 1460 Views

                London သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (TfL) က Taxi Service တစ်ခုဖြစ်တဲ့ Uber ကို London မှာ Taxi ဆက်လက်ပြေးဆွဲခွင့်ပေးတော့မှာမဟုတ်ကြောင်း အသိပေးအကြောင်းကြားလိုက်ပြီဖြစ်ပါတယ်။

                Uber အနေနဲ့ ယခုစက်တင်ဘာလ ၃၀ ရက်နေ့မှာ  London တွင်း Taxi ပြေးဆွဲခွင့် လိုင်စင်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့်၊ အခုလို သက်တမ်းတိုးခွင့်ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

                Transport for London (TfL) က Uber ဟာ London မှာ ‘ကိုယ်ပိုင်အဌားယာဉ်ပြေးဆွဲခွင့် လိုင်စင်ရရှိဖို့အတွက် လိုအပ်ချက်မပြည့်မီကြောင်း’ ဆုံးဖြတ်ချက်ချခဲ့ပြီး၊ လိုင်စင်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့တာပါ။

                TfL က Uber ရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ အများပြည်သူလုံခြုံရေး စိုးရိမ်စရာဖြစ်တဲ့ ပြဿနာအချို့ကို ကိုင်တွယ်စီမံရာမှာ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအနေနဲ့ တာဝန်ယူမှုကင်းမဲ့ကြောင်း အချက်လေးချက်နဲ့ ထောက်ပြထားပါတယ်။

                အဆိုပါအချက်တွေကတော့

  1. ဆိုးရွားတဲ့ရာဇဝတ်မှုမြောက်ပြစ်မှုတွေကို သတင်းပို့အစီရင်ခံမှု
  2. ယာဉ်မောင်းတွေရဲ့ ကျန်းမာရေးအသိအမှတ်ပြုလက်မှတ် စစ်ဆေးလက်ခံမှု 
  3. ရာဇဝတ်မှုမှတ်တမ်းကင်းရှင်းကြောင်းလက်မှတ် စစ်ဆေးလက်ခံမှု 
  4. Greyball Software ကို London မှာ အသုံးပြုမှုပုံစံကို ရှင်းလင်းပြမှု

                စတဲ့ Uber ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ အများပြည်သူလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ TfL က ဆိုထားပါတယ်။

                Greyball Software ဆိုတာကတော့ အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ App ထဲကို Full Access မရအောင် တားမြစ်နိုင်တဲ့ Software တစ်ခုဖြစ်ပြီး၊ အာဏာပိုင်တွေဘက်က စည်းကမ်းကန့်သတ်ချက်တွေ မလုပ်နိုင်တဲ့ Software တစ်ခုလည်း ဖြစ်ပါတယ်။

                Uber ဘက်ကတော့ TfL ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး၊ အယူခံဝင်နေစဉ် အတောအတွင်း London မှာ လုပ်ငန်းဆက်လက်လည်ပတ်ခွင့်တော့ ရရှိနေဦးမှာပါ။ ဒါကြောင့် ဒီနှစ် အောက်တိုဘာလလောက်အထိတော့ London မှာ Uber ကို ဆက်လက်သုံးလို့ ရနိုင်လောက်ပါတယ်။

                Uber ဟာ London မှာ ၂၀၁၂ ခုနှစ်ကတည်းက စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး၊ ယခုလက်ရှိအချိန်အထိ London ဒေသခံ ၃.၅ သန်းလောက်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး၊ ယာဉ်မောင်း ၄၀,၀၀၀ ကို အလုပ်အကိုင် စီစဉ်ပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားဖူးပါတယ်။

                London မြို့တော်ဝန်ဖြစ်တဲ့ Sadiq Khan ကတော့ TfL ရဲ့ ဆုံးဖြတ်ချက်ကို သူ့ဘက်က သဘောတူညီကြောင်း ထုတ်ပြောပြောကြားခဲ့ပါတယ်။

                Uber ဟာ သူတို့ကားငှားစီးတဲ့ ဧည့်သည်တွေရဲ့ ဖုန်းကိုလည်း ကားပေါ်က ဆင်းသွားပြီးရင်တောင် GPS Tracking ဆက်လုပ်နေမှုကြောင့် ဝေဖန်မှုတွေ ခံခဲ့ရဖူးပြီး၊ iOS 11 မထွက်ရှိမီ ရက်အနည်းငယ်အလိုမှာ App ဖွင့်ထားမှ Location Services တွေကို ဖွင့်ပေးတဲ့ Option တစ်ခု ထည့်သွင်းပေးခဲ့ရပါတယ်။ 

References
9to5Mac
About Author
Assinged Tags
Uber Taxi Service Ride-Hailing Service London Greyball
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed