Bixby Home ပါဝင်တဲ့ Galaxy Tab A မော်ဒယ်အသစ်ကို Samsung မိတ်ဆက်

date_range 20 November 2017

Bixby Home ပါဝင်တဲ့ Galaxy Tab A မော်ဒယ်အသစ်ကို Samsung မိတ်ဆက်

visibility 1220 Views

                Samsung ဟာ Budget Level Tablet တစ်ခုဖြစ်တဲ့ Galaxy Tab A Tablet မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Tablet က အနိမ့်ပိုင်း Tablet တစ်ခုဖြစ်ပေမယ့် တစ်ခုထူးခြားတာက Samsung Galaxy J7+ လိုပဲ Bixby Home Feature ပါဝင်လာတာဖြစ်ပါတယ်။ 

                ဒါပေမယ့် တစ်ခုရှိတာက အခု Bixby Home Feature က Samsung Galaxy Note 8 နဲ့ S8 တို့လိုမျိုး အသံနဲ့ခိုင်းစေနိုင်တဲ့ Assistant မဟုတ်ပဲ Reminder တွေ၊ Calendar ၊ Weather နဲ့ အချိန်တွေကိုဖော်ပြသွားမယ့် Virtual Assistant's Card ပုံစံပဲရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Assistant လိုမျိုး ခိုင်းစေတာတွေကိုတော့ လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ 

                Samsung Galaxy Tab A ဟာ Specification တွေအရတော့ အမြင့်ကြီးမဟုတ်ပဲ သာမန်ပဲလို့ပြောလို့ရပါတယ်။ ၈ လက်မအရွယ် Display က 1280×800 Pixels Resolution ပဲရှိမှာဖြစ်ပြီး RAM 2GB နဲ့ Internal Storage က 16GB ပဲပါဝင်မှာဖြစ်ပါတယ်။ Processor အနေနဲ့ကတော့ 1.4Ghz Processor ပါဝင်တယ်လို့ သိရပါတယ်။ Processor Model အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

                ကျန်တဲ့အချက်တွေအနေနဲ့ကတော့ Back Camera က 8 MP နဲ့ Front Selfie Camera က 5 MP ပါဝင်မှာဖြစ်ပြီး 5000mAh Battery ပါဝင်မှာပါ။ အခုဒီ Galaxy Tab A ကို တောင်ကိုရီးယားမှာအရင်ရောင်းချသွားမှာဖြစ်ပြီး Wifi Version ကို ဒေါ်လာ ၂၄၀ ဝန်းကျင်နဲ့ LTE Version ကို ဒေါ်လာ ၂၈၀ ဝန်းကျင်ကျသင့်မယ်လို့ သိရပါတယ်။ 


References
GSM Arena
About Author
Assinged Tags
Samsung Digital Assistant Tablet Bixby Digital Assistant Galaxy Tab A Bixby Button Bixby Home
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed