Dual Camera နဲ့ Galaxy J7+ ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်

date_range 04 September 2017

Dual Camera နဲ့ Galaxy J7+ ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်

visibility 540 Views

                Samsung က Galaxy ဖုန်းတွေထဲမှာ ပထမဆုံး Dual Camera ပါတဲ့ Galaxy Note 8 ကို မကြာခင်ကပဲ မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Galaxy Note 8 က Dual Camera ပါဝင်တဲ့ တစ်ခုတည်းသော Galaxy ဖုန်းမဟုတ်တော့ပါဘူး။ Samsung က Galaxy J7+ ကို Dual Camera နဲ့ အတူ ထိုင်းနိုင်ငံ Samsung Website မှာ တိတ်တိတ်လေး မိတ်ဆက်ခဲ့ပါတယ်။

                Samsung ဖုန်းတွေကို စိတ်ဝင်စားတဲ့ လူတွေကတော့ အရင်အပတ်တွေထဲက J7+ ရဲ့ ပေါက်ကြားခဲ့တဲ့ ဓာတ်ပုံတွေကို တွေ့ပြီးဖြစ်မှာပါ။ J7+ ဟာ အခုလူတိုင်း စိတ်ဝင်စားနေတဲ့ Portrait ဓာတ်ပုံတွေ ရိုက်နိုင်တဲ့ Dual Camera နဲ့ အလယ်အလတ်တန်းစားဖုန်းတစ်လုံးအနေနဲ့  ထွက်လာတာ ဖြစ်ပါတယ်။


                Camera ပိုင်းအနေနဲ့ Aperture f/1.7 ပါတဲ့ 13 Megapixel Camera နဲ့ Aperture f/1.9 ပါတဲ့ 5 Megapixel Camera နောက်ကင်မရာနှစ်လုံး နဲ့ အလင်းအားနည်းတဲ့ အချိန်မှာတောင် Selfies ကောင်းကောင်း ဆွဲနိုင်တဲ့ LED Flash ပါတဲ့ 16 Megapixel Front Camera တွေ ပါဝင်ပါတယ်။

                ၅.၅ လက်မ Full HD Super AMOLED Display ပါဝင်ပြီး MediaTek ရဲ့ Helio P20 Chipset နဲ့လာမှာပါ။ RAM 4GB, Internal Memory 32GB ပါတဲ့အပြင် 256 GB ထိ ထပ်စိုက်နိုင် တဲ့ microSD card ပေါက်ပါ ပါဝင်ပါတယ်။

                Aluminium Body ၊ 3000mAh Battery၊ Dual Apps Feature ၊ Fingerprint Scanner ပါဝင်တဲ့ Home Button ၊ Android 7.0 Nougat နဲ့လာမှာဖြစ်ပြီး Always On Display လို High-End Feature တွေအပြင် Bixby Home App ပါ တပါတည်းပါဝင်မှာဖြစ်ပါတယ်။

                အမဲရောင်၊ ရွှေရောင် နဲ့ ပန်းရောင် Galaxy J7+ စမတ်ဖုန်းကို ထိုင်းနိုင်ငံမှာ ဘတ် ၁၂,၉၀၀ ( မြန်မာငွေ ၅၂၉,၀၀၀) နဲ့  ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ J စီးရီးဖုန်းထဲမှာ စျေးအကြီးဆုံးလို့ ပြောလို့ရပါတယ်။ တခြားနိုင်ငံတွေကိုရော ဖြန့်မလားဆိုတာတော့ မသိရသေးပါဘူး။

This Article is Contributed by YLin
References
Android Authority GSM Arena
About Author
Assinged Tags
Samsung Smartphones Bixby Samsung Bixby Dual Camera Smartphones Galaxy J7+
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed