Dark Watch လို့ခေါ်တဲ့ Feature အသစ်တစ်မျိုး YouTube App မှာပါဝင်လာဖွယ်ရှိ

date_range 18 November 2017

Dark Watch လို့ခေါ်တဲ့ Feature အသစ်တစ်မျိုး YouTube App မှာပါဝင်လာဖွယ်ရှိ

visibility 300 Views

                YouTube အနေနဲ့ Desktop Version မှာ Dark Mode ပါဝင်လာတာကို YouTube Logo နဲ့ Design ပြောင်းလဲသွားတာ နဲ့အတူ ကျွန်တော်တို့ သိရှိခဲ့ရပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ စမတ်ဖုန်းတွေနဲ့ YouTube ကနေ ဗီဒီယိုတွေကြည့်ရှုတဲ့အခါမှာ နေ့ပိုင်းဆိုရင်တော့ အခြားအလင်းရောင်တွေနဲ့ အဖြူရောင်နောက်ခံဟာ ပြဿနာမရှိပေမယ့် ညဘက်တွေမှာ ကြည့်ရှုတဲ့အခါ အဖြူရောင်နောက်ခံဟာ အတော်လေးကို စူးရှတာကို ခံစားမိကြမှာပါ။

                ဒါကြောင့်မို့ Google ကနေ YouTube App မှာ Dark Mode ကိုထည့်သွင်းပေးဖို့ပြုလုပ်နေပြီဆိုတာကို YouTube v12.45 Android APK အတွင်းထဲကိုလေ့လာကြည့်ရင်းက သိရှိခဲ့ရတယ်လို့ Android Police က ပြောကြားထားပါတယ်။ အခုထည့်သွင်းပေးထားတဲ့ Dark Mode Feature ကိုတော့ “Dark Watch” လို့ နာမည်ပေးထားပါတယ်။ APK အတွင်းထဲက String Text တွေကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

<string name="pref_developer_dark_theme_for_watch_panel_title">Dark watch</string>
<string name="pref_developer_dark_theme_for_watch_panel_summary">Use dark theme in the watch panel</string>

from xml/developer_prefs.xml
<SwitchPreference android:title="@string/pref_developer_dark_theme_for_watch_panel_title" android:key="theme_dark_watch_panel" android:summary="@string/pref_developer_dark_theme_for_watch_panel_summary" android:defaultValue="false" />

                လက်ရှိအချိန်မှာတော့ Dark Watch Feature အနေနဲ့ မပြည့်စုံသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီ Feature ကို စမ်းသပ်ကြည့်ခဲ့တဲ့အခါမှာ Video Title တွေမမြင်ရတော့တာနဲ့ Autoplay Toggle ဟာလင်းလွန်းနေတာတွေကို တွေ့မြင်ခဲ့ရပါတယ်။ Recommended List ကိုတော့ အဖြူရောင်နောက်ခံနဲ့ ဆက်လက်မြင်တွေ့ရမှာဖြစ်ပါတယ်။ (စမ်းသပ်ထားတဲ့ Screenshot ကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်)


                ဒီ Dark Watch Toggle ကို Developer Preferences မှာထည့်သွင်းပေးထားပြီး၊ သာမန်အသုံးပြုသူတွေအတွက် ရည်ရွယ်ထားတာမဟုတ်တာတော့ သေချာပါတယ်။ ဘယ်အချိန်လောက်မှာမှ အသုံးပြုသူအားလုံး ဒီ Feature ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မလဲဆိုတာကိုလည်း မသိရှိရသေးတဲ့အတွက် အသုံးပြုလိုသူတွေအဖို့တော့ ဆက်လက်စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

References
Android Police
About Author
Assinged Tags
Android iOS Android App Android Package Kit Teardown YouTube App Dark Watch
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed