18:9 Aspect Ratio သုံး စမတ်ဖုန်းတွေအတွက် YouTube for Android မှာ ‘Pinch-to-Zoom’ Feature ပါဝင်လာ

date_range 18 November 2017

18:9 Aspect Ratio သုံး စမတ်ဖုန်းတွေအတွက် YouTube for Android မှာ ‘Pinch-to-Zoom’ Feature ပါဝင်လာ

visibility 1180 Views

                YouTube မှာ လက်ရှိတင်ထားတဲ့ ဗီဒီယိုအများစုက 16:9 Aspect Ratio နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဖြစ်တာကြောင့်၊ 18:9 Aspect Ratio Display အသုံးပြုထားတဲ့ စမတ်ဖုန်းတွေမှာ အဆိုပါဗီဒီယိုတွေကို Full-Screen ကြည့်ရင် Display အပြည့်မမြင်ရဘဲ၊ အမဲဘောင်တွေကို တွေ့မြင်နေရမှာပါ။ ဒါပေမယ့် Google ဟာ 18:9 Aspect Ratio နဲ့ Pixel 2 XL စမတ်ဖုန်းကို သူကိုယ်တိုင် ထုတ်ပြီးနောက်မှာတော့၊ YouTube ဗီဒီယိုတွေကို လုံးဝ Full-Screen ကြည့်ရှုနိုင်မယ့် “Pinch to Zoom” Feature ကို Pixel 2 XL ဖုန်းအတွက် ထည့်သွင်းပေးခဲ့ပါတယ်။ Pixel 2 XL အတွက်ပဲ Support ရခဲ့တာဖြစ်ပြီး၊ 18:9 Display နဲ့ တခြား Android ဖုန်းတွေမှာတော့ ဒီ Feature ကို မရရှိခဲ့ပါဘူး။

                ဒါပေမယ့် အခုအသစ်ထွက်ရှိလာတဲ့ YouTube for Android App Version အသစ်မှာတော့ 18:9 (သို့မဟုတ်) 18.5:9 Display သုံးထားတဲ့ Galaxy S8 တို့လို  Android ဖုန်းအကုန်လုံးမှာ “Pinch to Zoom” Feature ကို စတင်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

via GIPHY

                YouTube for Android (v12.44) ကို တင်ပြီးသွားပြီဆိုရင် 18:9 Display သုံး Android ဖုန်းတွေမှာ YouTube ဗီဒီယိုတွေကို Full-Screen Mode ကနေ “Pinch to Zoom” ထပ်လုပ်ပေးရုံနဲ့ ဘေးကအမဲဘောင်တွေ ပေါ်မနေတော့ဘဲ စခရင်အပြည့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

               Google ဟာ 19.5:9 Aspect Ratio Display သုံးထားတဲ့ Phone X အတွက် YouTube for iOS App မှာ “Pinch to Zoom” Feature ကို လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက ထည့်သွင်းပေးပြီးဖြစ်ပါတယ်။

                “Pinch to Zoom” Feature အသစ်ပါဝင်လာတဲ့ YouTube App v12.44 ကို Google Play Store ကနေ Update ပြုလုပ်နိုင်ပြီဖြစ်ပြီး၊ တကယ်လို့  ကိုယ့်ဖုန်းမှာ ယခု Update Version မရသေးဘူးဆိုရင်တော့ အချိန်ခဏလောက် ထပ်စောင့်ပေးဖို့ လိုပါလိမ့်မယ်။


References
Gadgets 360
About Author
Assinged Tags
Youtube Android App Bezel-Less Smartphones YouTube App Pixel 2 XL 18:9 Aspect Ratio YouTube for Android Pinch to Zoom
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed