iPhone X အတွက် YouTube for iOS မှာ Full-Screen Support စတင်ရရှိ

date_range 09 November 2017

iPhone X အတွက် YouTube for iOS မှာ Full-Screen Support စတင်ရရှိ

visibility 840 Views

                YouTube အပြင် Video Hosting Websites တော်တော်များများမှာ တင်ထားတဲ့ ဗီဒီယိုတွေက ပုံမှန်စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ 16:9 Aspect Ratio နဲ့ ဖြစ်တာကြောင့် 19.5:9 Aspect Ratio Display ကို အသုံးပြုထားတဲ့ iPhone X မှာ YouTube ဗီဒီယိုတွေ Full-Screen ကြည့်ရင် ဘေးမှာ Black Bar လေးတွေ ပေါ်နေမှာပါ။

                တကယ်တမ်းတော့ iPhone X မှ မဟုတ်ပါဘူး၊ 18:9 Display သုံးထားတဲ့ Android ဖုန်းတွေလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် Samsung Galaxy S8 အပါအဝင် 18:9 Aspect Ratio နဲ့ Android ဖုန်းတစ်ချို့က သူတို့ OS ကတင် Video ကို Screen အပြည့်မြင်ရအောင် ချိန်ညှိပေးခဲ့တာကြောင့် သိပ်တော့ ပြဿနာမရှိခဲ့ပါဘူး။ 18:9 Display နဲ့ပဲ Pixel 2 XL ထွက်လာပြီးမှာတော့ Google က YouTube for Android App မှာ Pixel 2 XL  အတွက် “Pinch to Zoom” ဆိုတဲ့ Full-Screen Mode ကို Support ပေးလိုက်ပါတယ်။ 

                အခုလည်း iOS အတွက် YouTube App (v12.43) မှာ 19.5:9 Aspect Ratio သုံးထားတဲ့ iPhone X အတွက် Full-Screen Support စတင် ပါဝင်လာပြီဖြစ်တယ်လို့ သိရပါတယ်။ 

                iPhone X မှာ YouTube for iOS ကို Update လုပ်ပြီးတာနဲ့  Video တွေကို Full Screen ကြည့်ချင်ရင် Pixel 2 XL မှာလိုပဲ “Pinch to Zoom” နဲ့ Full-Screen Mode ပြောင်းရတာ ဖြစ်ပြီး၊ Full-Screen မြင်ရဖို့အတွက် Crop လုပ်လိုက်တာဖြစ်တာကြောင့် ဗီဒီယိုအပေါ်ပိုင်းနဲ့ အောက်ပိုင်းက နည်းနည်းလေးတော့ ပြတ်ကျန်ခဲ့ပါလိမ့်မယ်။ ဒါက မသိသာပေမယ့်၊ Notch နေရာကြီးမှာတော့ သိသာပါလိမ့်မယ်။ Notch က သာမန်ဆို သိပ်မသိသာပေမယ့် အခုလို Full-Screen Video တွေ ကြည့်တဲ့အခါ အစပိုင်း မြင်နေကျမဟုတ်ရင် တမျိုးဖြစ်နေမယ်ထင်ပါတယ်။


                Apple ဟာ iPhone X ကို စတင်မိတ်ဆက်ပြသခဲ့တာ လအနည်းငယ်ကြာနေပြီဆိုပေမယ့်၊ App တော်တော်များများကတော့ ဒီ 19.5:9 (2.16:1) Aspect Ratio ကို အပြည့်အဝ Support ပေးနိုင်ဖို့ ကြိုးစားနေကြတုန်းပါပဲ။ 

                iPhone X အတွက် Full-Screen Mode ပါဝင်လာတဲ့ YouTube for iOS ကို App Store မှာ ယနေ့ပဲ Download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

References
GSM Arena Cult of Mac
About Author
Assinged Tags
Youtube iOS Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed