ယနေ့ ထွက်ရှိလာတဲ့ iOS 11.1.2 Update မှာ အအေးကြောက်တဲ့ iPhone X Screen အတွက် Bug Fix ပါဝင်လာ

date_range 17 November 2017

ယနေ့ ထွက်ရှိလာတဲ့ iOS 11.1.2 Update မှာ အအေးကြောက်တဲ့ iPhone X Screen အတွက် Bug Fix ပါဝင်လာ

visibility 1320 Views

                iPhone X ရဲ့ Screen ဟာ ရာသီဥတုအေးတဲ့အခါ (ဒါမှမဟုတ်) အပူချိန် ရုတ်တရက်ကျဆင်းသွားတဲ့အခါမျိုးမှာ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ အဖြစ်မျိုး ကြုံတွေ့နေရကြောင်း User တစ်ချို့က Reddit မှာ လွန်ခဲ့တဲ့တစ်ပတ်က Report လုပ်ခဲ့ကြပါတယ်။ Apple ဘက်က ဒီအဖြစ်ကို သိရှိပြီးဖြစ်ကြောင်းနဲ့၊ ဒီပြဿနာကို ဖြေရှင်းပေးမယ့် Software Fix ထုတ်ပေးသွားမှာဖြစ်ကြောင်း လည်း ချက်ချင်းကြေညာပေးခဲ့ပါတယ်။

                iPhones နဲ့ iPads တွေအတွက် ယနေ့ထွက်ရှိလာတဲ့ iOS 11.1.2 Update မှာတော့ Apple က ကတိပေးထားတဲ့အတိုင်း iPhone X ရဲ့ အအေးကြောက်နေတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် Bug Fix ပါဝင်လာပြီ ဖြစ်ပါတယ်။ iPhone X မှာတော့ iOS 11.1.2 Update Size က 51.4MB ရှိပြီး၊ တခြား iPhone မော်ဒယ်တွေမှာတော့ Size ကွဲပြားနိုင်ပါတယ်။


                iPhone X အတွက် iOS 11.1.2 Patch Note မှာတော့ အပူချိန်ရုတ်တရက်ထိုးကျသွားပြီးနောက်မှာ iPhone X  Screen က Touch ကို Responsive မဖြစ်တော့တဲ့ ပြဿနာကို ဖြေရှင်းပေးထားကြောင်းနဲ့ iPhone X နဲ့ Live Photos တွေ Video တွေ ရိုက်တဲ့အခါ Distortion ‘ဗြုတ်ထ’ နေတာကိုလည်း ဖြေရှင်းပေးထားကြောင်း ရေးသားထားတာ တွေ့ရမှာပါ။

                iOS 11.1.2 ကို ကျနော်တို့ Update လုပ်ကြည့်ပြီး စမ်းသပ်ကြည့်ရာမှာ iPhone X ရဲ့  ဗီဒီယိုကော Live Photos မှာကော အလင်းရောင်ကောင်းတဲ့ အခါမျိုးမှာ ‘ဗြုတ်မထ’ တော့ပေမယ့်၊ Low-light မှာတော့ သိသိသာသာကြီး ဗြုတ်တွေ များနေပါသေးတယ်။

                အရင်တစ်ပတ်က ထွက်ရှိထားတဲ့ iOS 11.1.1 Update မှာလည်း “i” ရိုက်တဲ့အခါ “A[?]” လို့ Auto-correct ဖြစ်နေတာကို ပြင်ပေးခဲ့ပါတယ်။

References
Apple
About Author
Assinged Tags
iOS 11 Software Update Bug Apple iPhone X iOS 11.1.2 Bug Fixes
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed