iOS 11 မှာဖြစ်နေတဲ့ “i” ရိုက်မရတဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်မယ့် iOS 11.1.1 System Update ထွက်ရှိ

date_range 10 November 2017

iOS 11 မှာဖြစ်နေတဲ့ “i” ရိုက်မရတဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်မယ့် iOS 11.1.1 System Update ထွက်ရှိ

visibility 1620 Views

                iOS 11 အသုံးပြုထားတဲ့ အချို့ iPhone/iPad တွေမှာ iOS Keyboard ကနေ “i” ကိုရိုက်မရဘဲ “i” အစား “A[?]” ပြောင်းလဲဖော်ပြနေတဲ့ ပြဿနာအချို့ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်က ကြုံတွေ့နေရတယ်လို့ သိရှိထားရပါတယ်။ Apple ဟာ ယနေ့မှာတော့ ဒီလို Bug ဝင်နေတာတွေကို ဖြေရှင်းပေးနိုင်မယ့် iOS 11.1.1 System Update ကို ထုတ်လုပ်ပေးလိုက်ပြီဖြစ်ပါတယ်။


                တကယ်တမ်းကတော့ “i” ကို လုံးဝရိုက်လို့မရတာမဟုတ်ဘဲ Apple ရဲ့ Auto-Correct စနစ်ကချို့ယွင်းပြီးတော့ “i” ကို “A[?]” လို့ အချို့ဖုန်းတွေမှာ Auto-Correct ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ System Update ဟာ Size အနေနဲ့ 50 MB လောက်ပဲရှိတာကြောင့် ဒီလိုမျိုး Bug တွေ မကြုံတွေ့ရဘူးဆိုရင်တောင်မှပဲ တင်ထားသင့်တဲ့ System Update တစ်ခုပါပဲ။

                ဒါ့အပြင် ယခုထွက်ရှိလာတဲ့ System Update ဟာ အချို့ iPhone တွေမှာ “Hey Siri!” အသုံးပြုလို့မရတော့တဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ Apple အနေနဲ့လည်း အခုလို Bug တွေဖြစ်နေတာကို အချိန်တိုအတွင်းမှာ ဖြေရှင်းပေးဖို့အတွက် System Update တွေချက်ချင်းထုတ်လုပ်ပေးနိုင်တာကြောင့် Software Support ပိုင်းကတော့ အတော်ကိုကောင်းမွန်တယ်လို့ ဆိုရမှာပါ။

References
GSMArena
About Author
Assinged Tags
iOS iOS 11 iOS Update Bug System Update Apple Auto Correct
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed