Google Play Store မှာ မြန်မာနိုင်ငံကနေ Download လုပ်လို့မရတဲ့ Apps တွေကို VPN သုံးပြီး ဘယ်လိုရယူမလဲ

date_range 28 February 2017

Google Play Store မှာ မြန်မာနိုင်ငံကနေ Download လုပ်လို့မရတဲ့ Apps တွေကို VPN သုံးပြီး ဘယ်လိုရယူမလဲ

visibility 13370 Views

                ကျနော်တို့ ပထမဆုံး မြန်မာနိင်ငံက Android User တွေ ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုကို ပြောကြည့်လိုက်ရအောင်။ 

                Google Play Store မှာ တစ်ချို့ Apps တွေ၊ များသောအားဖြင့် In-App Purchases လို့ခေါ်တဲ့ App အတွင်းမှာ ပိုက်ဆံသုံးပြီး ဝယ်ယူနိုင်တဲ့အရာတွေပါတဲ့ Apps တွေကို ကျနော်တို့ ဒီနိုင်ငံကနေ Download ဆွဲလို့မရပါဘူး။ ကိုယ့်ဖုန်းထဲမှာ တခြားတယောက်ယောက်ဆီက ကူးပြီးသားရှိတယ်ဆိုရင်တော့ Update တစ်ခုထွက်ရင် Update သွားလုပ်နိုင်ပေမယ့်၊ ဖုန်းထဲမှာ လုံးဝမရှိသေးတဲ့ App ဆိုရင်တော့ လုံးဝ Download လုပ်လို့ရမှာမဟုတ်ပါဘူး။

                ဒီပြဿနာကို အလွယ်ကူဆုံးဖြေရှင်းနိုင်တာကတော့ VPN သုံးပြီး IP Address ပြောင်းကာ ရယူနိုင်တဲ့နည်းလမ်းပါ။ ဥပမာပြောရရင် ကိုယ်က မြန်မာနိုင်ငံမှာရောက်နေပေမယ့်၊ ကိုယ့် IP Address ကို US က VPN Service Provider ရဲ့  IP Address နဲ့ ပြောင်းလဲအသုံးပြုတာဖြစ်ပြီး၊ US ကနေ အင်တာနက်သုံးနေသယောင် ဖန်တီးပေးနိုင်ပါတယ်။ ဒီအတွက် Play Store မှာ မြန်မာနိုင်ငံအတွက် ပိတ်ထားတဲ့ Apps တွေကို လွယ်လွယ်ကူကူ Download လုပ်နိုင်မှာပါ။ (VPN ရဲ့ တခြားအသုံးဝင်တဲ့အချက်တွေလည်း အများကြီးရှိသေးတာကြောင့် နောက်မှထပ်မံရေးသားပါမယ်။) 

                VPN ကို Android ဖုန်းတွေရဲ့ Settings ထဲမှာ တပါတည်းပါပြီးသားဖြစ်တဲ့ VPN feature ကနေ အသုံးပြုနိုင်သလို၊ VPN App တစ်ခုနဲ့လည်း အသုံးပြုနိုင်ပါတယ်။ Built-in ပါတဲ့ Android VPN သုံးမယ်ဆိုရင် Server Address တွေ၊ Username ၊ Password တွေ ရိုက်နေရတာကြောင့် နည်းနည်းအလုပ်ရှုပ်ပါတယ်။ App နဲ့ဆိုတော့ မြန်တာပေါ့။ 

                ကျနော်တို့ အခုပြသပေးမယ့် VPN App ကတော့ SnapVPN ဖြစ်ပြီး Google Play Store မှာ Download ရယူနိုင်ပါတယ်။ App အသုံးပြုနည်းကတော့

  1. ပထမဆုံး SnapVPN App ကို PlayStore ကနေ Download လုပ်ပါ။ 
  2. Install လုပ်ပြီးပြီဆိုရင် SnapVPN ကို ဖွင့်လိုက်ပါ။ ကြော်ငြာတက်တာလေး ခဏစောင့်ရပါမယ်။ပြီးရင် ကိုယ်ချိတ်ချင်တဲ့ နိုင်ငံကိုရွေးပြီး ချိတ်လိုက်ပါ။ ၁၀ စက္ကန့်လောက်ပဲ အလွန်ဆုံးကြာပါမယ်။
  3. ပြီးရင် ကိုယ်ချိတ်ချင်တဲ့ နိုင်ငံကိုရွေးပြီး ချိတ်လိုက်ပါ။ ၁၀ စက္ကန့်လောက်ပဲ အလွန်ဆုံးကြာပါမယ်။
  4. အရင် ကိုယ် Play Store ဝင်သုံးထားတဲ့ Cache ဖိုင်တွေ ကျန်နေနိုင်တာကြောင့်၊ ဖုန်း Settings ထဲကနေ Applications ကိုသွားပြီး၊ Play Store App ကို ရွေးကာ၊ Clear Cache လုပ်လိုက်ပါ။ အဆင်မပြေရင် Clear Data ပါ လုပ်ပေးဖို့လိုပါလိမ့်မယ်။
  5.  အခု Play Store App ထဲပြန်ဝင်ပြီး၊ ကိုယ်လိုချင်တဲ့ App နာမည်ကို ရိုက်ရှာကြည့်ပါ။ ခုနက ရှာလို့မရတဲ့ Apps တွေ၊ Download လုပ်လို့မရတဲ့ Apps တွေကို အခုရယူနိုင်ပါပြီ။

                ယခုပြသပေးသွားတဲ့ SnapVPN App လိုမျိုး VPN ချိတ်ပေးတဲ့ App တွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီ App က သုံးရလွယ်ကူသလို၊ မြန်ဆန်စိတ်ချရမှုလည်း ရှိတာကြောင့် SnapVPN App နဲ့ သုံးနည်းကိုပဲ ပြသပေးခဲ့တာပါ။

ဗီဒီယိုနဲ့ တကွ ကြည့်ရှုချင်တယ်ဆိုရင် အောက်ပါ Youtube ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။




References
TechX Myanmar How-To
About Author
Assinged Tags
Google Android Android App Google Play Store VPN
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed