Messenger က My Day ကို ဖြုတ်ပစ်ပြီး၊ Facebook Stories ကိုပဲ App နှစ်ခုလုံးမှာ ပြသသွားတော့မယ့် Facebook

date_range 14 November 2017

Messenger က My Day ကို ဖြုတ်ပစ်ပြီး၊ Facebook Stories ကိုပဲ App နှစ်ခုလုံးမှာ ပြသသွားတော့မယ့် Facebook

visibility 1060 Views

                Facebook အနေနဲ့ Messenger Day ကိုအဆုံးသတ်တော့မှာဖြစ်ပြီး၊ Facebook က Stories ကိုပဲ Messenger မှာ မြင်ရအောင်ပြုလုပ်ပေးသွားတော့မယ်လို့ သိရှိထားရပါတယ်။ အရင်တုန်းကတော့ Facebook မှာ Stories၊ Messenger မှာတော့ My Day ဆိုပြီးနှစ်မျိုးကွဲနေပေမယ့် အခုချိန်မှာတော့ Stories တစ်ခုတည်းကိုပဲ App နှစ်ခုလုံးမှာ တွေ့မြင်လာရတော့မှာပါ။

                ဒါကြောင့်မို့လို့ Facebook က Stories တွေကိုကြည့်ပြီးတဲ့အခါ Messenger မှာလည်း ကြည့်ပြီးသားပုံစံပြသနေမှာဖြစ်ပြီး၊ Facebook က Stories တွေဟာ Messenger နဲ့အတူတူပဲဖြစ်တာကြောင့် Messenger မှာပဲ Story တင်တာဖြစ်ဖြစ်၊ Facebook မှာပဲတင်တာဖြစ်ဖြစ် အတူတူပဲမို့ အလုပ်ရှုပ်သက်သာသွားမှာဖြစ်ပါတယ်။ ပြီးတော့ Desktop မှာလည်း Facebook Stories တွေကို ကြည့်လို့ရတော့မှာဆိုတော့ Messenger My Day နဲ့ ရောထွေးမနေအောင် ပေါင်းပေးလိုက်တာဖြစ်တယ်လို့ ယူဆရပါတယ်။

                Story နဲ့ Day လိုမျိုး နှစ်ခါပြန်တင်ရတာမျိုးလည်းမရှိတော့တာကြောင့် အချိန်ကုန်လည်းသက်သာစေပါလိမ့်မယ်။ ဒါ့အပြင် Facebook Team ကနေပြီးတော့ Instagram က ပို့စ်တွေကို Facebook မှာပါ Cross-Posting ပြုလုပ်လို့ရအောင် ကြိုးစားနေတယ်လို့လည်း သိရှိထားရပါတယ်။ ဒါပေမယ့်လည်း Facebook က တင်ထားသမျှကို Instagram မှာ Sharing ပြလုပ်လို့ရဖို့အတွက်ကတော့ မသေချာသေးပါဘူး။

                လက်ရှိအချိန်မှာတော့ Facebook အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် Facebook, Messenger, Instagram နဲ့ WhatsApp တွေမှာ Stories Feature အသီးသီးပါဝင်ပါတယ်။ အရင်တုန်းကတော့ တစ်ခုချင်းစီမှာသက်သက်စီပါဝင်တာမို့ လေးမျိုးဖြစ်နေပေမယ့်၊ လက်ရှိအချိန်မှာတော့ Facebook နဲ့ Messenger အတွက်တစ်ခုတည်းပေါင်းလိုက်တာကြောင့် သုံးမျိုးပဲရှိတော့တယ်လို့ ဆိုရမှာပါ။


References
GSMArena
About Author
Assinged Tags
Facebook Messenger Facebook Stories Stories My Day
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed