Facebook ဟာ သူတို့ရဲ့ User တွေအတွက် @facebook.com Email စနစ်တစ်ခုကို ဖြစ်မြောက်လာအောင် ကြိုးစားရင်းနဲ့ပဲ ၂၀၁၄ ခုနှစ် ဒီလိုနေ့မျိုးမှာ Facebook က သူတို့ရဲ့ Email Service ကို မတ်လမတိုင်မီ ဖျက်သိမ်းတော့မယ်လို့ ကြေငြာရင်းနဲ့ပဲ လက်လျှော့ခဲ့ရပါတယ်။
ဒီ Email Service ကို Facebook က ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ဒီ Service ဟာ Gmail၊ Yahoo Mail၊ Outlook အစရှိတဲ့ နာမည်ကြီး Email Service Company ကြီးတွေနဲ့ ယှဥ်ပြိုင်ဖို့ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့် Update ပုံမှန် မထုတ်နိုင်ခြင်း၊ Facebook က User တစ်ချို့ရဲ့ Email Address များကို ဖျောက်ပစ်ခြင်း၊ Customer Complaint များခြင်း၊ စတာတွေကြောင့် ဖျက်သိမ်းခဲ့ရတာပဲ ဖြစ်ပါတယ်။
Join Us On