Camera အသစ်၊ Stories နဲ့ Direct ဆိုတဲ့ Feature အသစ်သုံးခုကို တပြိုင်တည်း မိတ်ဆက်လိုက်တဲ့ Facebook

date_range 29 March 2017

Camera အသစ်၊ Stories နဲ့ Direct ဆိုတဲ့ Feature အသစ်သုံးခုကို တပြိုင်တည်း မိတ်ဆက်လိုက်တဲ့ Facebook

visibility 3000 Views

                Facebook ဟာ စာကိုအဓိကထား အသုံးပြုရတဲ့ Text-based Social Media ကနေ ဓာတ်ပုံနဲ့ ဗီဒီယို အသားပေးတဲ့ Social Media အဖြစ် တဖြည်းဖြည်းပြောင်းလဲလာတာ သတိထားမိကြမှာပါ။

                ဒီနေ့မှာတော့ Facebook ဟာ တဖြည်းဖြည်းပြောင်းလဲမနေတော့ဘဲ၊ App တစ်ခုလုံးရော Social Media အသုံးပြုမှုပုံစံတစ်ခုလုံးကိုပါ အကြီးအကျယ် ပြောင်းလဲပစ်လိုက်ပါပြီ။

                ယနေ့ပဲ Android ကော iOS အတွက်ပါ အသစ်ထွက်ရှိလာတဲ့ Facebook Update မှာ Camera အသစ်Stories နဲ့ Direct ဆိုတဲ့Feature အသစ်သုံးမျိုး တပါတည်း ပါဝင်လာတာတွေ့ရပြီး၊ ထုံးစံအတိုင်းပဲ Snapchat ရဲ့ လောင်းရိပ်မလွတ်တဲ့ Features တွေဖြစ်ပါတယ်။

Facebook Camera အသစ်

                ဘာပဲပြောပြော ပထမဆုံး Feature သစ်တစ်ခုဖြစ်တဲ့ Camera ကတော့ တော်တော်မိုက်တယ်လို့ ဆိုရမှာပါ။ User အနေနဲ့ ကိုယ့်စိတ်ကြိုက် Effects ၊ Filters နဲ့ Text တွေကို ကင်မရာရိုက်နေရင်းမှာတင် ရွေးချယ်ထည့်နိုင်မှာဖြစ်ပြီး၊ ဗီဒီယိုကော ပုံပါ ရိုက်ထားနိုင်ပါတယ်။ အခုနာမည်ကြီးနေတဲ့ Power Rangers Filter နဲ့ မကြာမီ ထွက်ရှိလာမယ့် Guardians of the Galaxy Filters တွေပါ ပါဝင်တာကို တွေ့ရပါတယ်။


                Facebook ရဲ့ ယခု Camera အသစ်ကို အသုံးပြုချင်တယ်ဆိုရင် Facebook App ထဲဝင်၊ ဘယ်ဘက်ကို ဆွဲလိုက်တာနဲ့ အသုံးပြုနိုင်ပါတယ်။

                တကယ်လို့ ကိုယ့်မှာ App ကို Update လုပ်ပြီးတာတောင် ဒီ Feature မပေါ်သေးဘူးဆိုရင် ဖုန်း Settings ထဲကနေ၊ Facebook App ကို ရွေးပြီး၊ Cache Clean လုပ်ကာ ဖုန်းကို Restart လုပ်ပေးလိုက်ပါ။ (တစ်ချို့ဖုန်းတွေမှာ Restart လုပ်ဖို့ လိုမှာမဟုတ်ပါဘူး။)

၂၄ နာရီပြည့်တာနဲ့ ပျောက်သွားမယ့် "Stories"

                Camera အသစ်ကနေ Effect တွေ Filter တွေ မျိုးစုံခံပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ဗီဒီယိုတွေကို နောက်ထပ် Feature အသစ်တစ်ခုဖြစ်တဲ့ “Stories” မှာ Sharing လုပ်နိုင်ပါတယ်။ Facebook Newsfeed ထိပ်ဆုံးက Status တင်တဲ့နေရာရဲ့  အပေါ်ဘက်မှာ အခု "Stories" ဆိုတဲ့ Bar အသစ်သက်သက် ပါလာပြီး၊ ကိုယ့် Stories ကော သူများ Stories တွေပါ တွေ့မြင်ရမှာပါ။


                “Stories” ဟာ Messenger မှာ ပါပြီးသားဖြစ်တဲ့ “Messenger Day” နဲ့ အတူတူပဲဖြစ်ပြီး၊ ၂၄ နာရီကျော်ရင် အလိုလိုပျောက်သွားမယ့် ပို့စ်တွေဖြစ်ပါတယ်။ တကယ်လို့ Camera အသစ်နဲ့ ရိုက်ထားတာကို “Stories” မှာ Share မလုပ်ချင်ဘူးဆိုရင်လည်း ဖုန်းထဲ Save လုပ်ထားနိုင်ပါတယ်။ “Stories” မှာ တင်ထားတာတွေက ကိုယ့် Newsfeed မှာ ပေါ်မှာမဟုတ်ပါဘူး။


                ၂၄ နာရီအတွင်းသာ မြင်တွေ့ရတဲ့ “Stories” format ကို Snapchat မှာ ၂၀၁၃ ခုနှစ်ကတည်း ရနေတာဖြစ်ပြီး၊ Facebook က ပထမဆုံး သူ့ရဲ့ Instagram မှာ ကော်ပီလုပ်ပါတယ်။ နောက် ဒီနှစ် ဇန်နဝါရီလလောက်ရောက်တော့ Messenger မှာလည်း ဒီ Feature မျိုးပါဝင်လာပြီး၊ ဖေဖော်ဝါရီလရောက်တော့ Facebook ကပဲ ပိုင်တဲ့ WhatsApp မှာပါ ထည့်သွင်းခဲ့ပါတယ်။ အခု Facebook မှာပါ ပါလာပြီ ဖြစ်တာကြောင့် Snapchat ရဲ့ ကျေးဇူးက Facebook အပေါ်  တောင်ပုံယာပုံပဲလို့ ဆိုရမှာပါ။

ကိုယ့်စိတ်ကြိုက် Friend တယောက်ချင်းစီကို Share လုပ်နိုင်မယ့် "Direct"

                နောက်ဆုံး Feature အသစ်ဖြစ်တဲ့ “Direct” ကတော့ Camera အသစ်နဲ့ ရိုက်ထားတဲ့ ပုံတွေ၊ဗီဒီယိုတွေကို ကိုယ် ပို့ချင်တဲ့ သူငယ်ချင်းဆီကိုပဲ ရွေးချယ်ပေးပို့ နိုင်မယ့် Feature ပါ။


                ကိုယ်ပို့လိုက်တဲ့ ပုံ၊ဗီဒီယိုကို တစ်ဖက်က Direct box ကနေပဲ ကြည့်နိုင်မှာဖြစ်ပြီး၊ သူ ကြည့်ပြီးလို့ နောက် ၂၄ နာရီကြာရင် ပျောက်သွားမှာဖြစ်ပါတယ်။ တကယ်လို့ တစ်ဖက် Reply ပြန်မယ်ဆိုရင်တော့ Direct box ထဲမှာ ဆက်ရှိနေမှာဖြစ်ပြီး၊ နောက်ဆုံး Conversation ပြီးသွားလို့ ၂၄ နာရီကြာမှာ အလိုလိုပျက်သွားမှာဖြစ်ပါတယ်။

                Features အသစ် သုံးခုလုံးဟာ လူကြီးလူငယ်မရွေး အကြိုက်တွေ့မယ့် Feature တွေဖြစ်တာကြောင့်၊ ချက်ချင်းဆိုသလို ရေပန်းစားလာနိုင်ပါတယ်။

References
Facebook Newsroom The Verge
About Author
Assinged Tags
Facebook Android Applications iOS Camera Facebook Stories
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed