လက်ရှိ Mobile Version မှာပဲ ရရှိနေတဲ့ Facebook Stories Feature ကို Desktop Site ကနေပါ မြင်တွေ့နိုင်တော့မည်

date_range 05 August 2017

လက်ရှိ Mobile Version မှာပဲ ရရှိနေတဲ့ Facebook Stories Feature ကို Desktop Site ကနေပါ မြင်တွေ့နိုင်တော့မည်

visibility 300 Views

                နှစ်သက်ရာ ဓါတ်ပုံ၊ ဗီဒီယိုအတိုတွေကို ၂၄ နာရီပဲမြင်တွေ့နိုင်အောင် တင်ထားလို့ရတဲ့ Facebook ရဲ့ Stories Feature ဟာ မူရင်း Snapchat ရဲ့ Feature ကိုအနည်းငယ်ပြင်ဆင်ထားတယ်လို့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လကစတင်ပြီး Mobile App တွေမှာ အသုံးပြုလာနိုင်ခဲ့တဲ့ ဒီ "Stories" Feature ဟာ Instagram Stories နဲ့ ယှဉ်ရင်wamh အရေအတွက်အားဖြင့် အသုံးပြုသူ အလွန်နည်းပါးနေဆဲဖြစ်ပါတယ်။

                ဒါပေမယ့် အခုအခါမှာဟာ Facebook ဟာ သူ့ရဲ့ Stories တွေ အောင်မြင်မှုမရရှိတာကိုပြောင်းလဲဖို့ အတွက် နည်းလမ်းတစ်ခုတွေ့သွားပုံပါပဲ။ 

                အဲ့ဒါကတော့ Facebook Stories ကို Mobile App မှာတင်မဟုတ်ပဲ Desktop Site မှာပါ ပြသသွားဖို့ စမ်းသပ်နေတာဖြစ်ပြီး၊ ပုံမှန် Desktop Site ရဲ့ ညာဘက်အပေါ်ထောင့်နားလောက်မှာ Stories ဆိုပြီး မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ 


                တစ်ခုရှိတာကတော့ Facebook ရဲ့ Stories Feature ဟာ သူရဲ့ အခြား App တစ်ခုဖြစ်တဲ့ Messenger က My Day Feature နဲ့ မတူညီတဲ့အတွက်ကြောင့် အသုံးပြုသူတွေနည်းသလားဆိုပြီးတွေးစရာရှိပါတယ်။ 

                ယခုလက်ရှိမှာတော့ စမ်းသပ်ဆဲဖြစ်တဲ့အတွက် အချို့ Facebook account တွေမှာပဲ မြင်တွေ့ရဦးမှာဖြစ်ပြီး၊Facebook ရဲ့ အဆိုအရတော့ မကြာခင် Account တွေအကုန်လုံးမှာ အသုံးပြုလာနိုင်တော့မယ်လို့သိရပါတယ်။ 

References
GSM Arena The Verge
About Author
Assinged Tags
Facebook Facebook Stories Desktop Social Media Stories
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed