iPhone X ရဲ့ Display အချို့မှာ အစိမ်းရောင်အကြောင်းများ ဖြစ်ပေါ်နေ

date_range 12 November 2017

iPhone X ရဲ့ Display အချို့မှာ အစိမ်းရောင်အကြောင်းများ ဖြစ်ပေါ်နေ

visibility 2320 Views

                Apple ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတဲ့ iPhone X ဟာ လတ်တလောမှာ အအေးကြောက်တဲ့ဝေဒနာ ကို ခံစားနေရပြီး၊ အခုလည်း အချို့ iPhone X တွေရဲ့ Display မှာ အစိမ်းကြောင်းကြီးတွေ ပေါ်လာတာကို တွေ့မြင်နေရတယ်လို့ သိရှိထားရပါတယ်။


                ဒီလိုဖြစ်ပွားခဲ့တဲ့ iPhone X တွေဟာ ဘူးဖောက်ဖောက်ချင်းမှာ မြင်တွေ့ခဲ့ရတာမျိုးမဟုတ်ဘဲ၊ အချိန်အနည်းငယ်ကြာတော့မှသာ သူ့အလိုလိုပေါ်လာတယ်လို့ သိရှိခဲ့ရပါတယ်။ ကြည့်ရသလောက်ကတော့ ဒီအစိမ်းရောင်ကြောင်းကြီးတွေဟာ Display Controller ချို့ယွင်းမှု (ဒါမှမဟုတ်) Display ကိုချိတ်ဆက်ထားတဲ့ Ribbon Cable ကြောင့်ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။


                Apple အနေနဲ့ အခုလိုဖြစ်ပွားခဲ့တဲ့ ပြဿနာအတွက် ဖြေရှင်းချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုး ပြဿနာတွေဖြစ်ပေါ်ခဲ့တဲ့ အသုံးပြုသူတွေကိုတော့ Warranty နဲ့ အသစ်တစ်လုံးပြန်လဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ တကယ်လို့သာ သင့်ရဲ့ iPhone X ဟာလည်း ဒီလိုမျိုး Screen Defect ပြဿနာဖြစ်ပေါ်နေတယ်ဆိုရင်တော့ ဝယ်ယူခဲ့တဲ့ဆိုင်မှာ ပြန်လဲပေးဖို့ တောင်းဆိုသင့်ပါတယ်။

                Apple ဟာ iPhone X အတွက် Display ကို ပထမဦးဆုံးအနေနဲ့ LCD အစား OLED Display စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်ဖြစ်တာကြောင့်လည်း Apple အနေနဲ့ အတွေ့အကြုံမရှိသေးတာကြောင့် Screen Defect ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့လည်း ယူဆရပါတယ်။

References
GSMArena
About Author
Assinged Tags
OLED Display Display OLED Display Apple's iPhone Apple iPhone X Green Line Screen Defect
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed