Samsung Galaxy S8 နဲ့ S8+ မှာ Display Resolution ကို Full HD ပဲ Default ချိန်ထားပေမယ့် QHD+ အထိ မြှင့်တင်နိုင်

date_range 09 May 2017

Samsung Galaxy S8 နဲ့ S8+ မှာ Display Resolution ကို Full HD ပဲ Default ချိန်ထားပေမယ့် QHD+ အထိ မြှင့်တင်နိုင်

visibility 1960 Views

                Samsung ရဲ့ Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေကို မြန်မာနိုင်ငံက Pre-Order မှာယူထားတဲ့သူတွေအနေနဲ့ စနေနေ့မှာ ဖုန်းထုတ်ယူပြီးဖြစ်မှာပါ။

                Samsung ဟာ Galaxy S8 နဲ့ S8+ စမတ်ဖုန်းတွေထဲမှာ Quad HD+ SuperAMOLED Display ကို အသုံးပြုပေးထားတယ်ဆိုတာလည်း သိပြီးကြမှာပါ။ ဒါပေမယ့် သာမန် User တွေ သတိမထားမိလောက်တဲ့ အချက်တစ်ခုရှိပါတယ်။

                Galaxy S8 နဲ့ S8+ ရဲ့ Display ဟာ Quad HD+ Resolution အထိ ဖော်ပြနိုင်ပေမယ့်၊ Samsung ဟာ Display Resolution ကို Default အနေနဲ့ Full HD+ ပဲ ထားပေးထားတာဖြစ်ပြီး၊ အသုံးပြုသူကိုယ်တိုင်က Quad HD+ Resolution နဲ့ အသုံးပြုချင်မှ ကိုယ့်ဘာသာ Resolution မြှင့်ပေးရမှာဖြစ်ပါတယ်။

                ဒါက ထူးခြားချက်တော့မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ Galaxy S7 နဲ့ S7 Edge ဖုန်းတွေမှာ Android 7.0 Nougat Update ရတုန်းကလည်း၊ Update လုပ်ပြီးသွားရင် Display Resolution က Full HD ဖြစ်သွားတာကို သတိထားမိမှာပါ။ ဘက်ထရီပိုကြာကြာခံဖို့အတွက် Display Resolution ကို ချပေးခဲ့တာဖြစ်ပြီး၊ ကိုယ်က ဘက်ထရီသိပ်ဂရုမစိုက်ဘူးဆိုရင် Resolution ပြန်မြှင့်လို့ရပါတယ်။

                အရင်ဆုံး Samsung Galaxy S8 နဲ့ S8+ ရဲ့ Default Resolution ဖြစ်တဲ့ Full HD+(1480x720 pixel) ကို Quad HD+ (2960x1440 pixels) အဖြစ် ဘယ်လိုမြှင့်မလဲ ကြည့်ရအောင်။

  1. Notification Shade ကို ခေါ်ဖို့အတွက် ဖုန်းစခရင်အပေါ်ဘက်ကနေ အောက်ကို ဆွဲချလိုက်ပါ။
  2. စက်သွားပုံလေးကို နှိပ်ပြီး Settings ထဲ ဝင်လိုက်ပါ။
  3. Display ထဲဝင်ပြီး၊ Screen Resolution Option ကို ထပ်နှိပ်လိုက်ပါ
  4. ဒီနေရာမှာတော့ Display Resolution ကို HD+ ကနေ FHD+ WQHD+ Resolution အဖြစ် ကိုယ့်စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။ WQHD+ ဆိုတာက QHD Resolution ပဲ ဖြစ်ပြီး၊ Widescreen Format နဲ့ဆိုရင် WQHD+ ဆိုပြီး ဖြစ်သွားတာပါ။ ကိုယ်ထားချင်တဲ့ Resolution ရောက်ပြီဆိုရင် Apple လုပ်လိုက်ပါ။


                ဒီလို Resolution ပြောင်းတာက ဘာသိသာသွားသလဲဆိုတော့ Full HD+ Resolution လျော့ထားရင် ဘက်ထရီသက်တမ်း အနည်းငယ်ပိုခံနိုင်ပြီး၊ WQHD+ အထိ တင်ထားမယ်ဆိုရင်တော့ အကောင်းဆုံးရုပ်ထွက်အရည်အသွေးကို ရတာမှန်ပေယ့်၊ ဘက်ထရီအနည်းငယ်ပိုကုန်နိုင်ပါတယ်။

                FHD+ ကနေ WQHD+ ကို တင်တာက မျက်နှာပြင်အနည်းငယ်ပိုသေးတဲ့ S8 မှာ မသိသာပေးမယ့်၊ ၆.၂ လက်မ Display ရှိတဲ့ S8+ မှာတော့ သိသာတာကို တွေ့ရမှာပါ။ S8 မှာတော့ Pixel သိပ်သည်းမှုများလာကတော့ သိပ်မသိသာပါဘူး။ S8 ကော S8+ မှာကော Full HD+ ကနေ HD+ အထိ မဆင်းတာတော့ ကောင်းပါလိမ့်မယ်။ ဘက်ထရီတော်တော်နည်းနေပြီဆိုရင်တော့ Resolution ချထားပေါ့။

                နောက်တစ်ခု အရေးကြီးတာက Samsung ရဲ့  Gear VR အသစ်နဲ့ ဖြစ်ဖြစ်၊ တခြား VR Headset တွေနဲ့ Galaxy S8, S8+ စမတ်ဖုန်းတွေကို သုံးပြီဆိုရင်တော့ Display Resolution ကို WQHD+ အထိ တင်ထားတာက အကောင်းဆုံးဖြစ်မှာပါ။ VR Headset ထဲ ဖုန်းထည့်ကြည့်မယ်ဆိုရင် Resolution က တော်တော်လေး စကားပြောတာ တွေ့ရမှာဖြစ်ပြီး၊ Resolution နိမ့်တာနဲ့အမျှ ဝေဝါးတာ၊ ခေါင်းမူးတာတွေ ဖြစ်နိုင်ပါတယ်။  

References
Android Central
About Author
Assinged Tags
Samsung Samsung Galaxy S8 Galaxy S8 and S8+ Display Resolution
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed