Tweet တစ်ခုအတွက် စာလုံး ၂၈၀ သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်တဲ့ Twitter

date_range 08 November 2017

Tweet တစ်ခုအတွက် စာလုံး ၂၈၀ သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဖြစ်တဲ့ Twitter

visibility 580 Views

                Twitter ဟာ အခြား Social Media Platform တွေလိုမဟုတ်ဘဲ Tweet တစ်ခုအတွက် စာလုံးပေါင်း ၁၄၀ ပဲ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း Twitter အနေနဲ့ လက်ရှိအချိန်မှာတော့ Tweet တစ်ခုကို စာလုံးပေါင်း ၂၈၀ အထိ ရိုက်ပြီးတင်နိုင်အောင် ပြောင်းလဲသတ်မှတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

                ဒီလို Tweet တစ်ခုအတွက် စာလုံးပေါင်း ၂၈၀ အထိရိုက်နှိပ်ပြီး တင်နိုင်အောင် ယခုနှစ် စက်တင်ဘာလကတည်းက "Save For Later" Features အတွက်စမ်းသပ်မှု တွေနဲ့အတူ ပြုလုပ်နေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ Twitter အနေနဲ့လည်း အခုလို စာလုံးပေါင်း ၂၈၀ သတ်မှတ်လိုက်တာအတွက် ရှည်လျားလွန်းတဲ့ Tweet တွေရှုပ်ပွနေမှာကို မစိုးရိမ်ပါနဲ့လို့လည်း Graph တစ်ခုနဲ့ ဖြေရှင်းထားပါသေးတယ်။


                Graph အရ Tweet တစ်ခုကို စာလုံး ၁၄၀ သတ်မှတ်ထားတုန်းက Twitter အသုံးပြုသူအားလုံးထဲမှာ စာလုံး ၁၄၀ အထိ ရိုက်နှိပ်ပြီး Tweet တင်တဲ့အရေအတွက်ဟာ 9% ပဲရှိခဲ့ပါတယ်။ အခုလက်ရှိ စာလုံးပေါင်း ၂၈၀ သတ်မှတ်ထားပေမယ့်လည်း တကယ်တမ်း ၂၈၀ လုံးအပြည့်ရိုက်နှိပ်ပြီး တင်တဲ့ Tweets တွေဟာ 1% ပဲရှိပါတယ်။ စာလုံးပေါင်း ၁၉၀ ကျော်အသုံးပြုတဲ့ Tweets တွေဟာလည်း 2% ပဲရှိတာကြောင့် ရှည်လျားလွန်းတဲ့ Tweets တွေကို နေရာတကာမှာ တွေ့ရမှာမဟုတ်ဘူးလို့ သိရှိထားရပါတယ်။

                ဒီလိုစာလုံးပေါင်း ၂၈၀ သတ်မှတ်လိုက်တာကို Twitter App, Web, Tweetdeck အသုံးပြုသူတွေ စပြီး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Character Count အစား စက်ဝိုင်းလေးနဲ့အတူ Tweet မှာ စာလုံးအရေအတွက် ပြည့်ပြီလား၊ မပြည့်သေးဘူးလားဆိုတာလည်း ပြသပေးမှာဖြစ်တယ်လို့ သိရှိထားရပါသေးတယ်။


                ဒါပေမယ့်လည်း English ဘာသာစကားလို Space အမြောက်အများမလိုတဲ့ Korean, Japanese နဲ့ Chinese တို့မှာတော့ Tweet တစ်ခုကို စာလုံးပေါင်းအရေအတွက် ၁၄၀ နဲ့ပဲ ဆက်လက်အသုံးပြုရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Twitter အတွက် Official Website နဲ့ App တွေကလွဲလို့ အခြား Third-Party App တွေမှာတော့ စာလုံးပေါင်း ၂၈၀ အထိ အသုံးပြုလို့မရသေးဘူးလို့လည်း သိရှိထားပါတယ်။


References
Android Police
About Author
Assinged Tags
Android iOS Websites Web Apps Twiitter Social Media Social Media App
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed