Twitter မှာ Tweet တွေကို Save ထားလို့ရမယ့် “Save For Later” Feature အသစ်ကို မကြာမီ မိတ်ဆက်ပေးသွားမည်

date_range 11 October 2017

Twitter မှာ Tweet တွေကို Save ထားလို့ရမယ့် “Save For Later” Feature အသစ်ကို မကြာမီ မိတ်ဆက်ပေးသွားမည်

visibility 140 Views

                နာမည်ကြီး Social Networking Platform တစ်ခုဖြစ်တဲ့ Twitter မှာ Tweet တွေကို Retweet လုပ်စရာမလိုဘဲ၊ မှတ်သားထားနိုင်မယ့် “Save For Later” Feature ကို မကြာမီ မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဒီလိုမိတ်ဆက်ပေးသွားတော့မယ်ဆိုတာကို Twitter ရဲ့ ထုတ်ကုန်ဦးစီးမှုးတစ်ယောက်ဖြစ်တဲ့ Keith Coleman က Twitter မှာ တရားဝင်ကြေညာချက်ခဲ့တာပါ။

                Coleman ရဲ့ပြောကြားချက်အရ Twitter အသုံးပြုသူတော်တော်များများဟာ Like နဲ့ Retweet Button တွေကို အသုံးမပြုဘဲ Tweet တွေကို တိတ်တဆိတ် Bookmark ပြုလုပ်လို့ရမယ့် Feature ကိုတောင်းဆိုနေကြတယ်လို့ သိရှိရပါတယ်။ 

                တကယ်တော့ ဒီ Feature ကို Facebook တို့ Instagram တို့မှာ Save or Bookmark Button အနေနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ။Saved ဆိုတဲ့နေရာမှာလည်း မိမိ Save ထားတဲ့ Post တွေကို Video, Status, Link စ တဲ့ Category တွေနဲ့အတူ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Instagram မှာဆိုရင်လည်း ကိုယ့်စိတ်ကြိုက် Collection တွေ လုပ်ပြီး၊ သိမ်းထားနိုင်ပါတယ်။

                Twitter ရဲ့ Save For Later ဟာ ဘယ်လိုပုံစံနဲ့ ပါဝင်လာမလဲ ဆိုတာကို Twitter ရဲ့ ထုတ်ကုန်မန်နေဂျာတစ်ယောက်ဖြစ်တဲ့ Jesar Shah ကနေ GIF တစ်ခုနဲ့ Demo ပြသခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယခုပြသထားတဲ့ Demo ဟာ ရှေ့ပြေးပုံစံတစ်ခုသက်သက်ဖြစ်ပြီး၊ တကယ်တမ်း ဒီ Feature ထွက်ရှိလာတဲ့အခါမှာတော့ ပုံစံအနည်းငယ်ကွဲပြားသွားနိုင်ပါတယ်။

                Twitter ဟာ လက်ရှိအချိန်မှာ Tweet တစ်ခုကို 140 Characters သတ်မှတ်ချက်ကနေ 280 Characters အထိ Tweet ပြုလုပ်လို့ရအောင် ပြောင်းလဲသတ်မှတ်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အခုလိုမျိုး Save For Later Feature ပါဝင်လာမယ်ဆိုတာကြောင့် ပြန်ကြည့်ချင်တဲ့ Tweet တွေကို Retweet ပြုလုပ်နေရတဲ့အတွက် မိမိ Profile မှာ အခြားသူတွေရဲ့ Tweet တွေရှုပ်ပွနေတာမျိုး မဖြစ်တော့ပါဘူး။ စာရေးသူကိုယ်တိုင်လည်း Twitter ကိုအဓိကထား အသုံးပြုနေတာကြောင့် ဒီ Feature ကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။

References
The Verge
About Author
Assinged Tags
Twiitter Tweets Save For Later Bookmark
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed