ထုတ်လုပ်မှု ကုန်ကျစရိတ် ကန်ဒေါ်လာ ၃၅၇ သာရှိတဲ့ iPhone X

date_range 07 November 2017

ထုတ်လုပ်မှု ကုန်ကျစရိတ် ကန်ဒေါ်လာ ၃၅၇ သာရှိတဲ့ iPhone X

visibility 5400 Views

                Apple ထုတ်လုပ်ရောင်းချ ခဲ့သမျှ iPhone မျိုးဆက်တွေထဲမှာ ဈေးအကြီးဆုံး iPhone လို့ သတ်မှတ်လို့ရတဲ့ iPhone X ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်းဟာ ကန်ဒေါ်လာ ၃၅၇ သာရှိတယ်လို့ Reuters က ဆိုပါတယ်။ ဒါပေမယ့် Reuters က Report မှာတော့ iPhone X မှာ ပါဝင်တဲ့ ဘယ်အစိတ်အပိုင်းက ထုတ်လုပ်မှု ကုန်ကျစရိတ် ဘယ်လောက် ရှိတယ်ဆိုတာ တိတိကျကျ မသိရပါဘူး။

                ဒီနေ့မှာတော့ TechInsights ဆိုတဲ့ သုတေသန ကုမ္ပဏီတစ်ခုကနေ ထုတ်ပြန်ထားတဲ့ Report အရ iPhone X မှာ ပါဝင်တဲ့ ဘယ်အစိတ်အပိုင်းက ထုတ်လုပ်မှု ကုန်ကျစရိတ် ဘယ်လောက် ရှိတယ်ဆိုတာကို တိတိကျကျ သိရပြီ ဖြစ်ပါတယ်။

                iPhone X မှာ ပါဝင်လာတဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေထဲမှာ OLED Display က ထုတ်လုပ်မှု ကုန်ကျစရိတ် အမြင့်ဆုံးဖြစ်ပြီး ကန်ဒေါ်လာ ၆၅ ကျသင့်တယ်လို့ သိရပါတယ်။ ထူးတော့ မထူးဆန်းပါဘူး။ iPhone X ရောင်းရသလောက် Samsung ကတော့ OLED Display တွေ ထုတ်ပေးရတာနဲ့တင် အကျိုးအမြတ်တွေ ရရှိနေဦးမှာ ဆိုကတည်းကိုက OLED Display က ထုတ်လုပ်မှု ကုန်ကျစရိတ် အမြင့်ဆုံးပဲလို့ ခန့်မှန်းလို့ ရနေပါပြီ။

                ထုတ်လုပ်မှု ကုန်ကျစရိတ်တင် များနေတာ မဟုတ်ပါဘူး၊ Screen လဲမယ်ဆိုရင်လည်း ကန်ဒေါ်လာ ၂၇၉ ကျသင့်ဦးမှာပါ။ နောက်ထပ် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်တဲ့ အစိတ်အပိုင်းကတော့ iPhone X ရဲ့ Stainless Steel Chassis ပဲ ဖြစ်ပြီး ကန်ဒေါ်လာ ၃၆ ဒေါ်လာ ကျသင့်တယ်လို့ သိရပါတယ်။ 

                ဘယ်စက်ပစ္စည်း အစိတ်ပိုင်းက ထုတ်လုပ်မှုပိုင်းမှာ ကုန်ကျစရိတ်ကြီးတယ်လို့ ပြောနေပါစေဦး စုစုပေါင်းက ကန်ဒေါ်လာ ၃၅၇ ပဲ ရှိတာဆိုတော့ Apple အနေနဲ့ အမြတ်ကို ၆၄% အထိ တင်ထားတယ်ဆိုတာ ငြင်းလို့တော့ မရပါဘူး။ iPhone 8 လည်း အလားတူပါပဲ။ အမြတ်ကို ၅၉% အထိ တင်ထားတာကို တွေ့ရပါတယ်။

                Apple CEO Tim Cook ကြီးကတော့ အမြတ်ကို ၆၄% အထိ တင်ထားရတာနဲ့ ပက်သက်ပြီး

                “Apple အနေနဲ့ အသုံးပြုသူတွေ ဆီကနေ အကျိုးအမြတ်ကို မရ၊ ရအောင် ညှစ်ယူမယ်ဆိုတဲ့ စိတ်ထားမျိုးတဲ့ iPhone X ရောင်းဈေးကို တင်ထားတာ မဟုတ်ပါဘူး။ iPhone X ကနေ ပေးနိုင်တဲ့ နည်းပညာတွေကြောင့် ဈေးကိုတင်ထားတာ ဖြစ်ပါတယ်”

လို့ ဖြေကြားခဲ့ပါတယ်။

                အမြတ်တင်တယ်ဆိုတဲ့ နေရာမှာ Apple ကပဲ အမြတ်တင်နေတာတော့ မဟုတ်ပါဘူး။ နည်းပညာကုမ္ပဏီကြီးတွေ ထုံးစံအတိုင်း နည်းပညာကို ရောင်းစားတာပဲ ဖြစ်ပါတယ်။ Hardware ထုတ်လုပ်မှုပိုင်းမှာ ဘယ်လောက်ပဲ ကုန်ကျစရိတ်ရှိရှိ ဘယ် Electronic ပစ္စည်းမဆို ရောင်းဈေးကတော့ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် များနေမှာပဲ ဖြစ်ပါတယ်။

References
9to5Mac
About Author
Assinged Tags
iPhone iPhone 8 related news Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed