Screen လဲမယ်ဆိုရင် ကန်ဒေါ်လာ ၂၇၉ ကျသင့်မယ့် iPhone X

date_range 28 October 2017

Screen လဲမယ်ဆိုရင် ကန်ဒေါ်လာ ၂၇၉ ကျသင့်မယ့် iPhone X

visibility 960 Views

                Apple အနေနဲ့ iPhone X ကို မနေ့ကပဲ တရားဝင် Pre-Order တွေ လက်ခံခဲ့ပါတယ်။ Pre-Order တွေ စတင်လက်ခံပြီ ဆိုတော့လည်း ဖုန်းပြင်ခဈေးနှုန်းတွေနဲ့ ပက်သက်ပြီးတော့လည်း ဈေးနှုန်းအတိအကျ သိရပြီ ဖြစ်ပါတယ်။ iPhone X ကတော့ သိကြတဲ့အတိုင်းပဲ ဖုန်းဈေးကိုက ကန်ဒေါ်လာ ၉၉၉ က အနည်းဆုံးဆိုတော့ ဈေးကတော့ ခေါင်ခိုက်ပြီးသားပေါ့။ ဖုန်းဈေးကလည်း ကြီးသလို Screen လဲခကလည်း ဈေးကြီးဦးမှာပါ။

                Warranty မရှိဘူး၊ Apple Care လည်း မဝယ်ထားပဲ Screen လဲချင်တယ်ဆိုရင် ကန်ဒေါ်လာ ၂၇၉ ဒေါ်လာတောင် ပေးချေရမှာ ဖြစ်ပါတယ်။ ဒီဈေးက iPhone 6 ရဲ့ Screen လဲမယ်ဆိုရင် ကျသင့်တဲ့ ကန်ဒေါ်လာ ၁၂၉ ထက် နှစ်ဆကျော်တောင် ဈေးပိုများပါတယ်။ iPhone 8 ရဲ့ Screen လဲမယ်ဆိုရင် ကျသင့်တဲ့ ကန်ဒေါ်လာ ၁၆၉ ထက်တော့ ၆၅ ရာခိုင်နှုန်းလောက် ဈေးပိုကြီးပါတယ်။

                နောက်ပြီး ကန်ဒေါ်လာ ၂၇၉ ကျသင့်မယ် ဆိုတာက Screen လဲတဲ့ ဈေးနှုန်းပဲ ရှိပါသေးတယ်။ မတော်တဆမှု တစ်ခုခုကြောင့် iPhone X ကို ပြန်ပြင်ချင်တယ်ဆိုရင် ကျသင့်မယ် ဈေးနှုန်းက ကန်ဒေါ်လာ ၅၄၉ တောင် ကျသင့်မှာဆိုတော့ iPhone X ဈေးနှုန်းရဲ့ တစ်ဝက်နီးပါးလောက် ရှိပါတယ်။ ဆိုတော့ကား မိမိလက်ထဲ iPhone X ရောက်လာပြီဆိုရင် လွတ်ကျတာတွေ၊ မတော်တဆမှုတွေ မဖြစ်အောင်တော့ ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

                မိမိက ခဏ၊ ခဏ ဖုန်းလွတ်ကျတတ်တဲ့သူ ဖြစ်တာမို့လို့ Apple Care+ ဝယ်ယူချင်တယ်ဆိုရင်လည်း iPhone X အတွက်က ကန်ဒေါ်လာ ၁၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ခုခုဖြစ်ခဲ့လို့ သွားပြင်မယ်ဆိုရင် Service Fees က ထပ်ပေးရဦးမှာ ဖြစ်ပါတယ်။ 

                Service Fees ကလည်း Apple Care+ ရှိတယ် ဆိုရင်တောင်မှပဲ Screen လဲမယ်ဆိုရင် ကန်ဒေါ်လာ ၉၉ ထပ်ပေးရဦးမှာ ဖြစ်ပါတယ်။ ဒီတော့ Apple Care+ ဝယ်ထားမယ် ဆိုရင်လည်းပဲ ဈေးကများနေပါသေးတယ်။ Screen လဲမယ်ဆိုရင် ပေးရတဲ့ ဈေးနှုန်းက အရမ်းများလွန်းနေတာကလည်း မဆန်းပါဘူး။ iPhone X မှာသုံးထားတဲ့ OLED Display ကို Samsung က ထုတ်ပေးရတာကိုး။ 

                နောက်ပြီး ဒီလို Display မျိုးတွေက Samsung က ထုတ်တာတွေပဲ အခုလက်ရှိ အချိန်ထိ ကမ္ဘာမှာအကောင်းဆုံး ဖြစ်နေတာ၊ iPhone X ရဲ့ Display မှာပါဝင်တဲ့ Notch (Face ID အတွက် Component တွေ၊ FaceTime Camera တို့ ထားတဲ့နေရာအတွက် ဖြတ်လိုက်ရတဲ့ အဝိုက်) ကြောင့် ထုတ်လုပ်မှုပိုင်းမှာ ရှုပ်ထွေးစေတာ၊ စတာတွေကြောင့် Screen လဲတဲ့ ဈေးနှုန်းက ဒီ့ထက်ပိုများလာဖို့ပဲရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ 

References
The Verge
About Author
Assinged Tags
iPhone iPhone 8 related news Screen issues related Apple iPhone X iPhone 8 Plus Screen Replacement Screen Repair Apple Care
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed