Display Color ကို ချိန်ညှိနိုင်မယ့် Option အသစ်တွေ ပါဝင်လာတဲ့ Pixel 2 ဖုန်းတွေအတွက် November Update

date_range 07 November 2017

Display Color ကို ချိန်ညှိနိုင်မယ့် Option အသစ်တွေ ပါဝင်လာတဲ့ Pixel 2 ဖုန်းတွေအတွက် November Update

visibility 700 Views

                Google ရဲ့ ဖုန်းတွေ ကိုင်တဲ့လူတွေနဲ့ တခြား Android ဖုန်းတွေ ကိုင်တဲ့လူတွေနဲ့ အဓိကကွာခြားချက်တစ်ခုက Software Updates ပါ။ Google ဟာ သူ့ ဖုန်းတွေအတွက် Bug Fixes တွေ၊ Security Improvements တွေ၊ Optimization တွေ ပါဝင်တဲ့ Update တွေကို လစဉ်ပုံမှန်ထုတ်ပေးလေ့ရှိပါတယ်။ Pixel 2 နဲ့ Pixel 2 XL အတွက် ထွက်ရှိလာတဲ့ အခု November Updates မှာတော့ Security Fixes တွေ၊ Bug Fixes လေးတွေအပြင် Features အသစ်တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။

                အခု Update ထဲမှာ Pixel 2 နဲ့ Pixel 2 XL သမားတွေအတွက် အရေးကြီးဆုံး Feature သစ်တစ်ခုကတော့ Color Saturation အတွက် Option အသစ်တွေ ပါဝင်လာတာပါ။ November Security Updates သွင်းပြီးတဲ့ Pixel 2 ဖုန်းတွေရဲ့ Display Settings ထဲမှာ အရင်လို “Vivid Colors” ဆိုတာကိုပဲ အဖွင့်အပိတ်လုပ်ပေးနိုင်တာမျိုး မဟုတ်တော့ဘဲ၊ Color Profiles တွေ ရွေးချယ်လာနိုင်တာ တွေ့ရပါတယ်။ Color Options သုံးမျိုးကတော့ “Boosted”, “Natural” နဲ့ “Saturated” ဆိုပြီး သုံးမျိုး ရှိပါတယ်။


                Android Central ကတော့ “Boosted” က အရင် “Vivid” နဲ့ ဘာမှသိပ်ကွာခြားမှုမရှိဘဲ၊ အတူတူလောက်ဖြစ်ပြီး၊ “Natural” ကတော့ သိတဲ့အတိုင်း တကယ့်ကာလာအမှန်အတိုင်း ပြမှဖြစ်ကာ၊ “Saturated” ကတော့ ကာလာကွာခြားမှုအပိုင်းမှာ အသိသာဆုံးဖြစ်ပြီး၊ ကာလာတွေ ပိုစိုလာတယ်လို့ ဆိုထားပါတယ်။ Google ရဲ့ ရည်ရွယ်ချက်က သူ့ဖုန်းရဲ့ Display ကို ပိုကြည့်လို့ကောင်းစေချင်တာထက် ပိုပြီးကာလာတိကျတာမျိုး ပေးချင်တာကြောင့်၊ စထွက်ထွက်တုန်းက Pixel 2 XL ဟာ ကာလာတွေ မှိုင်းနေတယ်လို့ ဝေဖန်မှုတွေ ထွက်ခဲ့ပါသေးတယ်။ အခုတော့ Color Options တွေ စိတ်ကြိုက်ရွေးခွင့်ပေးလိုက်တာကြောင့် ဒီဝေဖန်မှုတွေလည်း နည်းနည်းငြိမ်သွားမှာပါ။ ဒါပေမယ့် Google အနေနဲ့ အခု Pixel 2 ဖုန်းတွေမှာ OS ကြီးပါ မေ့ကျန်ခဲ့တဲ့ ပြဿနာတွေ ဆက်ကြုံနေရဆဲဖြစ်တာကြောင့် နာမည်ကတော့ သိပ်မကောင်းပါဘူး။ 

                Pixel 2 XL အတွက် နောက်ဆုံး Update မှာ နာမည်ကြီးနေတဲ့ Screen Burn-in ပြဿနာကို တတ်နိုင်သလောက် ဖြေရှင်းပေးနိုင်ဖို့အတွက် Maximum Screen Brightness တင်နိုင်တဲ့ ပမာဏကို အနည်းငယ်လျော့ချပေးလိုက်တာပါ။ Brightness နည်းသွားတော့ Screen Burn-in ဖြစ်တာလည်း သိပ်မသိသာတော့ဘူးလို့ ခန့်မှန်းရပါတယ်။ ပြီးတော့ Pixel 2 XL ရဲ့ Navigation Bar ကလည်း အခုဆို မသုံးတော့တာ အချိန်တစ်ခုကြာ (Inactive) ဖြစ်သွားရင် အလိုလိုမှိန်ပြီး၊ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒီ ပြောင်းလဲမှုတွေက Android 8.1 Developer Preview မှာ ပါပြီးဖြစ်ပေမယ့်၊ Google အနေနဲ့ သူ့ Pixel ဖုန်းတွေအတွက် Stable Builds မှာ ဒီ Feature တွေကို မြန်မြန်ထည့်သွင်းပေးနိုင်တာကတော့ Pixel ကိုင်သူတွေအတွက် အားရစရာပါပဲ။


                Display နဲ့မဆိုင်တဲ့ တခြားပြင်ဆင်မှုလေးတွေကတော့ ဖုန်းကနေ စက်လည်ပတ်တဲ့အသံလို အသံလေးတွေ တိုးတိုးလေးကြားနေရတာကို ပြင်ဆင်ပေးလိုက်တာတို့ ပါဝင်တယ်လို့ သိရပါတယ်။ နောက်ထပ် December Updates တွေမှာလည်း Pixel 2 XL ရဲ့ Display ကို ပိုကောင်းလာအောင် လုပ်ပေးမယ့် ပြင်ဆင်မှုတွေ ထပ်မံပါဝင်လာဦးမှာဖြစ်ကြောင်းလည်း Google က Pixel User Community မှာ ပြောကြားထားပါတယ်။

References
Android Central
About Author
Assinged Tags
Google Pixel Software Update Android Update Pixel 2 XL Google Pixel 2 XL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed