Bixby ခလုတ်ကို လုံးဝအလုပ်မလုပ်တော့အောင် ပိတ်ပစ်နိုင်တဲ့ Feature ကို ထည့်သွင်းပေးလိုက်တဲ့ Samsung

date_range 06 November 2017

Bixby ခလုတ်ကို လုံးဝအလုပ်မလုပ်တော့အောင် ပိတ်ပစ်နိုင်တဲ့ Feature ကို ထည့်သွင်းပေးလိုက်တဲ့ Samsung

visibility 1780 Views

                Samsung ရဲ့ ကိုယ်ပိုင် Digial Assistant ဖြစ်တဲ့ Bixby ဟာ အခုအချိန်အထိ Samsung Galaxy S8, S8+ နဲ့ Galaxy Note 8 ဖုန်းအပါအဝင် Galaxy ဖုန်းအချို့မှာပဲ သုံးလို့ရသေးတာကြောင့် Google Assistant, Cortana စတဲ့ တခြား Digital Assistant တွေလို အသုံးပြုမှုအပိုင်းမှာ သိပ်တွင်ကျယ်မှုမရှိသေးပါဘူး။ ဒီ့အပြင် အသုံးပြုသူအချို့ဟာ အပိုပါဝင်နေတဲ့ Bixby Button ကို အခြား ပိုအသုံးဝင်တဲ့ Function တစ်ခုအနေနဲ့ အစားထိုးနိုင်အောင်တောင် ကြိုးစားနေကြတာကို သိကြမှာပါ။

                Samsung ကိုယ်တိုင်ကလည်း အခုလိုမျိုး Feedback တွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက Bixby ခလုတ်ကို နှိပ်လိုက်ရင် Bixby Assistant ကို ခေါ်မိတာမျိုးမဖြစ်အောင် Bixby ကို ပိတ်ထားနိုင်တဲ့ Feature ကို ထည့်သွင်းပေးခဲ့ပါတယ်။ 

                ဒါပေမယ့် အဲ့မှာလည်း အားနည်းချက်တစ်ခုရှိနေပါတယ်။ ဘာလဲဆိုရင် Bixby Button က လုံးဝအသုံးမဝင်တော့တာမျိုးမဟုတ်ပဲ ဖုန်းကို Sleep ပြုလုပ်ထားတဲ့အချိန်မှာ Bixby Button ကို နှိပ်လိုက်ရင် ဖုန်းက Wake ဖြစ်လာတာပါ။ အဲ့ဒီတော့ ဖုန်းရဲ့ ဘေးနှစ်ဖက်စလုံးမှာ Power Button ရှိနေသလိုမျိုးဖြစ်ပြီး အနည်းငယ်ကြောင်တောင်တောင်နိုင်နေမှာပါ။ 

                ဒါကြောင့် Samsung က အခု Bixby ကို ထပ်မံ Update ပြုလုပ်ပေးခဲ့ပြီး ယခု Update မှာဆိုရင် Bixby Button က ခလုတ်အပိုတစ်ခုအနေနဲ့ပဲရှိနေတော့မှာဖြစ်ပြီး၊ ဖုန်းကို နိုးသွားစေတာမျိုးကို လုံးဝဖြစ်စေတော့မှာမဟုတ်ပါဘူး။ ပြောရရင် ခလုတ်ကို လုံးဝ Disable လုပ်ထားပစ်လိုက်တာမျိုးပါ။ ဘယ်လိုမျိုး Update ပြုလုပ်ရမလဲဆိုရင်တော့ Galaxy Apps > My Apps > Update မှာ Bixby Services နဲ့ Apps တွေအတွက် Update ရရှိနေပြီဆိုရင် Update All ကို နှိပ်ပြီး Update လုပ်လိုက်ရုံပါပဲ။ 


                ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ Galaxy S8 ထွက်ရှိလာတုန်းက Bixby ကို အလေးပေးကြော်ငြာသွားခဲ့ပေမယ့်၊ Bixby Assistant ဟာ ဖုန်းထွက်ရှိပြီး အချိန်တော်တော်ကြာမှ အသုံးပြုလို့ရခဲ့တာရယ်၊ Samsung ရဲ့ ကြိုးစားမှုက လက်ရှိ Google Assistant ကို မမှီသေးတဲ့အပြင် Bixby အတွက် သီးသန့်ခလုတ်တစ်ခုပါဝင်တာက အသုံးပြုသူတွေအတွက် Feature အပိုတစ်ခုလိုပဲ ဖြစ်စေခဲ့တယ်ပဲ ပြောရတော့မှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Bixby 2.0 ကို ထုတ်ပေးခဲ့သေးတယ်ဆိုတော့၊ Samsung ဟာ Bixby အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးထားပြီး လုပ်ဆောင်နေတယ်ဆိုတာ သိသာပါတယ်။ နောက်ပိုင်းမှာတော့ Bixby ဟာ ပိုပြီးကောင်းတဲ့ Assistant ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ 

References
Phone Arena
About Author
Assinged Tags
Samsung Artificial Intelligence Digital Assistant Bixby Samsung Bixby Bixby Assistant Bixby Digital Assistant Bixby Button
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed