Bixby Button ကိုအသုံးမပြုချင်ရင် ပိတ်ထားလို့ရအောင် ပြုလုပ်ပေးနေတဲ့ Samsung

date_range 18 September 2017

Bixby Button ကိုအသုံးမပြုချင်ရင် ပိတ်ထားလို့ရအောင် ပြုလုပ်ပေးနေတဲ့ Samsung

visibility 1700 Views

                Samsung အနေနဲ့ Galaxy S8 မှာ စတင်ထည့်သွင်းပေးထားတဲ့ ကိုယ်ပိုင် Digital Assistant “Bixby” နဲ့အတူ Bixby Hardware Button ကိုပါ တစ်ပါတည်းထည့်သွင်းပေးခဲ့ပါတယ်။ ဒီ Bixby Button လေးကိုနှိပ်လိုက်တာနဲ့ Bixby Home ပေါ်လာမှာဖြစ်ပြီး၊ မိမိ Galaxy S8 ကို Bixby နဲ့အတူ လိုသလိုအလွယ်တကူခိုင်းစေလို့ရစေမယ့် ရည်ရွယ်ချက်နဲ့ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ 

                ဒါပေမယ့်လည်း အသုံးပြုသူအချို့ဟာ Bixby ကိုအသုံးမပြုလိုဘဲ၊ Bixby Button ကိုနှိပ်လိုက်ရင် Bixby အစား Google Assistant ပြောင်းလဲအစားထိုးတာမျိုးတွေ၊ ပိတ်ပစ်တာမျိုးတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Samsung အနေနဲ့ ဒီလိုမျိုးပိတ်မရအောင် System Update တွေဆက်တိုက်ထုတ်ပြီး တားဆီးခဲ့ပါတယ်။

                အခုချိန်မှာတော့ Samsung ဟာ အသုံးပြုသူတွေရဲ့ တောင်းဆိုမှုကြောင့် Bixby Button ကိုပိတ်ပစ်လို့ရအောင် System Update စတင်ထုတ်လုပ်ပေးနေပြီလို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာတော့ Samsung Galaxy S8 နဲ့ S8+ တိုင်း ဒီ Update ကိုမရရှိသေးပေမယ့် SamMobile ရဲ့ ပြောကြားချက်အရ တဖြည်းဖြည်းချင်း ထုတ်လုပ်ပေးလာမယ်လို့သိရှိထားပါတယ်။ 

                အသုံးပြုသူတွေဟာ Bixby Button ကို Volume ခလုပ်နဲ့မှားယွင်းနှိပ်မိတာ၊ အသုံးပြုနေတဲ့အချိန်မှာ ရုတ်တရက်ဖိမိတာ စ တာတွေကြောင့် Bixby Home ပေါ်ပေါ်လာတာတွေကို မကြာခဏကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။ ဒါကြောင့်မို့လို့ Samsung အနေနဲ့ Bixby Button ကိုအတင်းအသုံးမပြုခိုင်းတော့ဘဲ အခုလိုမျိုး System Update တွေထုတ်လုပ်ပေးလာတာလို့ ယူဆရပါတယ်။

References
The Verge
About Author
Assinged Tags
Samsung Samsung Galaxy S8 Bixby Samsung Bixby Bixby Assistant Bixby Digital Assistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed