Android One နဲ့ HTC Sense UI သုံး Version ၂ မျိုးနဲ့ ထွက်ရှိလာတဲ့ HTC U11 Life

date_range 06 November 2017

Android One နဲ့ HTC Sense UI သုံး Version ၂ မျိုးနဲ့ ထွက်ရှိလာတဲ့ HTC U11 Life

visibility 920 Views

                HTC ကနေ သူရဲ့ နောက်ဆုံး Flagship ဖုန်းတစ်ခုဖြစ်လာတဲ့ HTC U11+ ဖုန်းနဲ့အတူ Mid Range ဖုန်းအသစ်တစ်ခုဖြစ်တဲ့ HTC U11 Life ဖုန်းကို နိုဝင်ဘာ (၂) ရက်နေ့က တခါတည်း မိတ်ဆက်သွားခဲ့ပါတယ်။ ဒီ HTC U11 Life က အတူမိတ်ဆက်ခဲ့တဲ့ HTC U11+ လိုမျိုးတော့ 18:9 Ratio Screen တွေ၊ ဖောက်ထွင်းမြင်ရတဲ့ နောက်ဖုံးတွေမပါဝင်ပဲ HTC U11 အသေးစားပုံစံမျိုးနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ 


                အခု HTC U11 Life မှာ ထူးခြားချက်တစ်ခုရှိပြီး အဲ့ဒါကတော့ Android One OS ရော၊ HTC Sense UI နဲ့ရော ၂ မျိုးစလုံးနဲ့ထွက်ရှိလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Pure Android ကို အသုံးပြုချင်တဲ့သူတွေရော၊ HTC Sense UI နဲ့ အသုံးပြုသူတွေအတွက်ရော ရွေးချယ်စရာတစ်ခုလို့ ပြောလို့ရပါတယ်။ 

                HTC Sense UI အသုံးပြုထားတဲ့ Version ကတော့ လက်ရှိအချိန်မှာ Android 7.1 Nougat ကိုပဲ အသုံးပြုထားတာဖြစ်ပြီး Android 8.0 Oreo ကို ထွက်ရှိပြီး ရက် ၃၀ အတွင်း Update လုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Pure Android One Version ကတော့ ထွက်ရှိထဲက Android 8.0 Oreo နဲ့ လာမှာဖြစ်ပါတယ်။ 

                Specification တွေအရတော့ HTC U11 Life ဖုန်းက 5.2" Full HD Display ကိုသုံးထားတယ်၊ Qualcomm Snapdragon 630 CPU သုံးလာမှာဖြစ်ပြီး၊ North America မှာ RAM 3GB, Internal Storage 32GB နဲ့ အခြားနိုင်ငံတွေမှာတော့ RAM 4GB, Internal Storage 64GB နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ 


                ကင်မရာအနေနဲ့လည်း Back Camera ရော Front Selfie Camera ရော ၂ ခုစလုံးကို 16 Megapixels တပ်ဆင်ပေးထားပြီး Back Camera က 4K Video ကိုပါ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 

                အခြားသော Features တွေအနေနဲ့တော့ အခြားသော HTC ဖုန်းတွေလိုပဲ HTC ရဲ့ Trademark "Liquid Surface" Design ကိုသုံးထားပြီ၊ ပြီးတော့ USB Type C Port, HTC ရဲ့ ကိုယ်ပိုင် Features တွေဖြစ်တဲ့ Edge Sense - ဘေးဘောင်ကို ညှစ်ပြီးသုံးလို့ရတဲ့ Features တွေ၊ IP 67 Rating ပါတဲ့အတွက် ရေစိမ်ခံနိုင်တာ စတဲ့ Features အပြည့်အစုံပါဝင်မှာပါ။ ဒါပေမယ့်လည်း 3.5mm Audio Port တော့မပါဝင်တော့ပဲ Battery ကလည်း 2600mAh ဖြစ်တဲ့အနည်းငယ် နည်းတာကတော့ သိပ်ပြီး အားရစရာမဟုတ်ပါဘူး။ 

                လောလောဆယ်မှာတော့ HTC Sense UI နဲ့ HTC U11 Life ကို ဒေါ်လာ ၃၄၉ နဲ့ရောင်းချသွားမှာဖြစ်ပြီးတော့ ဒီဈေးနဲ့တန်တယ်လို့ ပြောနိုင်တဲ့ Mid Range ဖုန်းတစ်ခုလို့ သတ်မှတ်ရမှာပါ။ 


References
GSM Arena
About Author
Assinged Tags
Smartphones HTC Android One U11 Life HTC U11 Life HTC U11 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed