U11+ နဲ့ Bazel-Less Smartphone ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် HTC

date_range 03 November 2017

U11+ နဲ့ Bazel-Less Smartphone ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် HTC

visibility 1460 Views

                HTC ကနေ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ HTC ရဲ့ နောက်ထပ် Flagship ဖုန်းတစ်ခုဖြစ်လာတဲ့ HTC U11+ ကို တရားဝင်ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ 

HTC U11+ က ယခုနှစ် အစောပိုင်းမှာထွက်ရှိထားတဲ့ HTC U11 နဲ့ အချက်အတော်များများ တူညီပြီးတော့ Display နဲ့ အချို့သော အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့တယ်ပဲ ပြောရမှာပါ။ 



                HTC U11+ မှာ အဓိက ပြောင်းလဲသွားတာကတော့ Display ပဲဖြစ်ပြီး Bezel-less Dispaly ဖြစ်သွားပါတယ်။ လက်ရှိ Flagship စမတ်ဖုန်းတွေ ပြောင်းလဲသုံးစွဲလာကြတဲ့ 18:9 Aspect Ratio ကို ပြောင်းလဲခဲ့တာပဲ ဖြစ်ပါတယ်။ Screen အရွယ်အစားအနေနဲ့ ၆ လက်မရှိမှာဖြစ်ပြီး Quad HD+ (1440×2880 Pixels) Resolution ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Bezel-less Display ဖြစ်သွားတဲ့အတွက် Fingerprint Scanner ကတော့ အနောက်ကို ရောက်သွားမှာပါ။ 



                ကျန်တဲ့ပြောင်းလဲမှုတွေကတော့ HTC U11+ က အခုဆိုရင် IP 68 Rating ပါလာတဲ့အတွက် ရေစိုခံမှာဖြစ်ပြီး ရေ ၁.၅ မီတာ အနက်မှာ မိနစ် ၃၀ အထိ ရေစိမ်ခံမယ်လို့ ဆိုပါတယ်။ Battery ကလည်း 3930mAh ရှိမှာပါ။ Qualcomm Quick Charge 3.0 နဲ့ Wireless Charging ကိုလည်း Support လုပ်မှာဖြစ်ပါတယ်။

 

                ကင်မရာပိုင်းအနေနဲ့ကတော့ နောက်ကျောဘက်မှာ 12MP UltraPixel 3 OIS, f/1.7 aperture ကင်မရာ ၁ လုံးပဲပါဝင်မှာဖြစ်ပြီး အခုခေတ်မှာအခြား Smartphone တွေ အကုန်လုံးနီးပါး Dual Camera စနစ်ကိုသွားနေကြပေမယ့် HTC ကတော့ U11+ မှာ Single Camera ကိုပဲ သုံးထားပါတယ်။  ဗီဒီယိုတွေကိုတော့ 1080p ကို 120fps နဲ့ ရိုက်ကူးနိုင်မယ့်အပြင် 4K ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်ဦးမှာပါ။ ဒါပေမယ့် နောက်နှစ်ထဲမှာတော့ Dual-Camera ဖုန်းစျေးကွက်ဆီကို ပြန်လာဖို့ ရည်ရွယ်ချက်ရှိတယ်လို့ HTC Smartphones & Connected Devices Business ရဲ့ President ဖြစ်တဲ့ Chialin Chang က U11+ မိတ်ဆက်ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

                တစ်ဖက်မှာလည်း ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ Hi-Res Audio နည်းပညာနဲ့ အသံ Quality ကောင်းကောင်း ဖမ်းယူနိုင်ပါဦးမယ်။ Front Camera ကတော့ 8MP ဖြစ်ပြီး Wide 85-degree Field of View, f/2.0 aperture ရှိမယ်လို့ သိရပါတယ်။ 

Front Camera နဲ့လည်း 1080p ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာပါ။ 

                Performance ပိုင်းကတော့ HTC U11 လိုပဲ Qualcomm Snapdragon 835 CPU ထည့်သွင်းပေးထားပြီး RAM 4GB, Internal Storage 64GB ဒါမှမဟုတ် RAM 6GB, Internal 128GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ 

HTC U11+ ဖုန်းက Android 8.0 Oreo နဲ့ Run မှာဖြစ်ပြီးတော့ တစ်ခုထူးခြားတာက ဘေးဘောင်တွေကို ညှစ်ပြီးအသုံးပြုရတဲ့ Edge Sense ကို အနည်းငယ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ 

                ဘေးဘောင်တွေကို ညှစ်လိုက်ရင် Google Assistant ဒါမှမဟုတ် Amazon Alexa ၂ ခုစလုံးကို ကိုယ့်လက်က ညှစ်လိုက်တဲ့အားပေါ်မှုတည်ပြီး ခေါ်ဆိုနိုင်သလို HTC ရဲ့ Features အသစ်ဖြစ်တဲ့ ဘေးဘောင်တွေကို ညှစ်လိုက်ရင် အသုံးများတဲ့ Application တွေကို စက်ဝိုင်းပုံနဲ့ ဖော်ပြပေးတဲ့ Function ကိုလည်း အသုံးပြုနိုင်မှာပါ။ 

                

HTC U11+ ကို Ceramic Black, Amazing Silver နဲ့ Translucent အရောင် ၃ မျိုးနဲ့ ရောင်းချမှာဖြစ်ပြီး အဲ့ဒီထဲက Translucent အရောင်ဟာဆိုရင် အမည်းရောင်ဖြစ်ပေမယ့် ဖုန်းရဲ့အတွင်းပိုင်းကို အနည်းငယ်ဖောက်ထွင်း မြင်နေရမှာ ဖြစ်ပါတယ်။ 

HTC U11+ ကို ဈေးနှုန်းအနေနဲ့ ယူရို ၇၉၉ ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး ရောင်းချမယ့်အချိန်အတိအကျကိုတော့ ကြေငြာထားခြင်းမရှိသေးပါဘူး။ Android Authority ကတော့ Hands-On ဗီဒီယိုလေး တင်ထားပါပြီ။ အောက်မှာ ကြည့်လိုက်ကြပါဦး။


References
Android Authority GSM Arena
About Author
Assinged Tags
HTC HTC U11
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed