နာမည်ကြီး Reviewer တွေပြောကြတဲ့ iPhone X ရဲ့ ကောင်းတဲ့အချက်တွေကို Newsroom ထဲမှာ ကြွားဝါထားတဲ့ Apple

date_range 02 November 2017

နာမည်ကြီး Reviewer တွေပြောကြတဲ့ iPhone X ရဲ့ ကောင်းတဲ့အချက်တွေကို Newsroom ထဲမှာ ကြွားဝါထားတဲ့ Apple

visibility 3780 Views

                Apple ကတော့ iPhone X နဲ့ကျမှပဲ Apple မဟုတ်တော့ သလိုပါပဲ။ အရင်တုန်းကဆိုရင် iPhone အသစ် ထွက်လာတာနဲ့ နည်းပညာမီဒီယာတွေနဲ့ ပရိတ်သတ်တွေ ဘာပဲပြောပြော မိမိတို့ထုတ်လိုက်တဲ့ iPhone အသစ်အတွက် Confidence အပြည့်ရှိခဲ့တဲ့ Apple က အခုဆိုရင် iPhone X အတွက် Confidence သိပ်မရှိ သလိုပါပဲ။

                အရင်တုန်းက Review Units တွေကို သက်ဆိုင်ရာ နည်းပညာမီဒီယာတွေနဲ့ YouTuber တွေဆီ ကြိုတင်ပေးထားတယ် ဆိုပေမယ့် Review Article တွေနဲ့ Video တွေကို Product ကို တရားဝင်မရောင်းချခင် Online မှာ အစောဆုံး တင်ခိုင်းတဲ့ ထုံးစံမရှိပါဘူး။

                အခုကတော့ iPhone X Review Unit တွေ ကို Tech Media တွေနဲ့ YouTuber တစ်ချို့ဆီ ကြိုတင်ပေးထားပြီး ဖြစ်ပေမယ့် YouTuber/Blogger အချို့ကို အခြားနာမည်ကြီး နည်းပညာမီဒီယာတွေထက် အရင်စောပြီး Review Video တွေ တင်ခွင့်ပေးခဲ့တဲ့ နည်းလမ်းကို အသုံးချပြီး အရင်ဆုံး လူစိတ်ဝင်များ ပိုများလာအောင် လုပ်ခဲ့ပါတယ်။ 

                နောက်တော့လည်း Review တွေ မတင်ဖို့ ကန့်သတ်ထားတဲ့ အချိန်ကျော်လွန်သွားပြီ ဆိုတော့ iPhone X ကို တရားဝင် စတင်ရောင်းချမယ့် နိုဝင်ဘာ (၃) ရက်နေ့ မရောက်ခင်မှာပဲ Early Review တွေက Video တွေအနေနဲ့ကော၊ Article တွေအနေနဲ့ပါ Online မှာ ပလူပျံနေပြီ ဖြစ်ပါတယ်။ ဆိုတော့ကား Apple အနေနဲ့ iPhone X ကို တရားဝင် မရောင်းချသေးခင်ကတည်းက လူစိတ်ဝင်စားမှု ပိုများလာအောင် လုပ်နေတယ်လို့ ဆိုလို့ရပါတယ်။

                တစ်ဖက်မှာလည်း The Verge, Mashable, TechCrunch နဲ့ CNET တို့လို နာမည်ကြီး နည်းပညာမီဒီယာတွေက ပြုလုပ်ထားတဲ့ iPhone X Review တွေထဲကမှ ကောင်းတဲ့အချက်လေးတွေကိုပဲ ရွေးချယ်၊ Movie Poster တစ်ခုလို ဒီဇိုင်းထုတ်ပြီး Newsroom ထဲမှာ Press Release အနေနဲ့ Apple က ထုတ်ပြန်ထားပါသေးတယ်။

 

                ရှင်းရှင်းပြောရရင်တော့ "iPhone X ကိုတော့ နာမည်ကြီး နည်းပညာမီဒီယာတွေက ဒီလိုကောင်းတယ်လို့ ပြောကြပါတယ်။ ဒီတော့ iPhone X ကို အခုပဲဝယ်လိုက်ပါတော့" လို့ ကြော်ငြာတာပါပဲ။ ဒါပေမယ့်လည်း အခု Reviews တွေက နာမည်ကြီး နည်းပညာမီဒီယာကပဲ လုပ်လုပ်၊ YouTuber တွေပဲ လုပ်လုပ်၊ အကြွင်းမဲ့ ယုံလိုက်လို့တော့ မရသေးပါဘူး။

                Apple အနေနဲ့ Reviewer တွေဆီမှာ iPhone X Review Unit တွေကို ခဏလေးပဲ (တစ်ချို့တွေကို တစ်နေကုန်တောင် သုံးခွင့်မရခဲ့ပါဘူး) ပေးထားခဲ့တာလို့ သတင်းထွက်လာပါတယ်။ နောက်ပြီး အခုတစ်လော ပလူပျံနေတဲ့ Review Article တွေနဲ့ Video တွေကလည်း In-Depth Review လုပ်ထားတာတွေ မဟုတ်ပါဘူး။ Unboxing ဒါမှမဟုတ် First Impression Video တွေ၊ Article တွေပဲ ရှိပါသေးတယ်။

                ဒီတော့ လုံးဝကြီး ယုံလိုက်လို့တော့ မရသေးပါဘူး။ ဒါပေမယ့်လည်း နိုဝင်ဘာ ၃ ရက်နေ့ ကျော်ရင်တော့ တကယ့် In-Depth Review တွေ ထွက်ရှိလာမယ်လို့တော့ မျှော်လင့်ရပါတယ်။ အဲ့အခါကျမှ iPhone X က Apple အခုလိုတွေ လုပ်နေတာနဲ့ တန်ရဲ့လားဆိုတာကို အကဲဖြတ်လို့ရမှာ ဖြစ်ပါတယ်။

                ကဲ...၊​ ဒါတွေ အသာထားပြီး Apple ဘယ်လို ကြွားထားလဲ တစ်ချက်ကြည့်လိုက်ရအောင်...

via GIPHY

                iPhone X ကို စမ်းသပ်သုံးစွဲ ပြီးကြတဲ့ ကမ္ဘာတစ်ဝန်းက Reviewer တွေကတော့ iPhone X ရဲ့ 5.8in Super Retina OLED Display, TrueDepth Camera, Face ID နဲ့ Animoji တို့နဲ့ ပက်သက်ပြီး သူတို့ရဲ့ ထင်မြင်ချက်လေးတွေကို ပြောနေကြပါတယ်။ အနာဂါတ်ရဲ့ Smartphone ကို သူတို့တွေ ဘယ်လိုထင်မြင်ကြလဲ ဖတ်ရှုလိုက်ကြပါဦး ...

Mashable

                “Apple ရဲ့ iPhone X က အသစ်အဆန်း တစ်ခုကို အစပျိုးလိုက်တာပါပဲ။ iPhone X ဟာ နောင်လာမယ့် iPhone တွေအတွက် အခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။”

BuzzFeed

                “နေကာမျက်မှန် တပ်ထားသည် ဖြစ်စေ၊ မတပ်ထားသည် ဖြစ်စေ၊ ဆံပင်ကို လှန်တင်ထားသည် ဖြစ်စေ၊ ချထားသည် ဖြစ်စေ၊ ည အမှောင်ထဲမှာ ဖြစ်စေ၊ နေ့ဘက်မှာ ဖြစ်စေ၊ Face ID ဟာ ကတိပေးထားတဲ့အတိုင်း လုပ်ဆောင်နိုင်ပါတယ်။”

Creative Live Blog

                “OLED Display က အရမ်းကို ကောင်းလွန်းပါတယ်။ Contrast က ကျွန်တော် မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ Edge-to-edge/ Bezel Arrangement ကလည်း အံ့မခန်း ပါပဲ။ Device တစ်ခုကို ကိုင်ထားရတာနဲ့ မတူပဲ ကျွန်တော့်ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို လက်ထဲမှာ ကိုင်ထားရသလိုမျိုး ခံစားရပါတယ်။”

CNET

                “iPhone X က Camera ကို San Francisco ရဲ့ လမ်းတွေပေါ်မှာ (၁၀) နာရီလောက် စမ်းသပ်ရိုက်ကူးလို့ ပြီးသွားတဲ့အခါမှာတော့ ပုံမှန်ရိုက်နေကျ Selfie တွေကို သေသပ်ကြော့မော့သွားအောင် လုပ်ပေးနိုင်တဲ့ Portrait Mode ကိုတော့ အထင်ကြီးသွားပါပြီ။”

The Evening Standard

                “Apple အနေနဲ့ iPhone X က Camera ကို အပြစ်ပြောစရာ မရှိအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Animoji တွေကလည်း အရမ်းမိုက်ပါတယ်။”

References
9to5Mac Apple Newsroom
About Author
Assinged Tags
iPhone Review Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed