iPhone X Lock Screen မှာ Notification Preview တွေကို Default ဖျောက်ထားမည်

date_range 31 October 2017

iPhone X Lock Screen မှာ Notification Preview တွေကို Default ဖျောက်ထားမည်

visibility 440 Views

                နောက်လ နိုဝင်ဘာလ ၃ ရက်နေ့မှာ Pre-Order မှာထားတဲ့သူတွေ လက်ထဲကို iPhone X ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဆိုတော့ကား iPhone X မှာ ပြောင်းလဲသွားမယ့် ပြောင်းလဲမှုလေးတွေ တစ်ချို့ရဲ့ သတင်းတွေလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။

                နောက်ပိုင်း iOS Version တွေမှာ Lock Screen မဖြည်မချင်း Notification Preview တွေကို ကြည့်လို့မရအောင် ပိတ်ထားလို့ရတဲ့ Setting တစ်ခု ပါဝင်လာပါတယ်။ ဒါပေမယ့် ဒီ Setting ကို ပိတ်ထားလို့လည်း ရသလို၊ ဖွင့်ထားလို့လည်း ရပါတယ်။ iPhone X မှာ ဆိုရင်တော့ ဒီ Setting ကို ပိတ်လိုက်၊ ဖွင့်လိုက် လုပ်လို့ရမှာ မဟုတ်ပါဘူး။ Default အနေနဲ့ ပိတ်ထားမှာ ဖြစ်ပါတယ်။

                ဒါပေမယ့် အခုပြောင်းလဲမှုဟာ iPhone 8 နဲ့ 8 Plus မှာတော့ ပါဝင်လာမှာ မဟုတ်ပါဘူး။ Apple အနေနဲ့ iPhone X မှာ ပြောင်းလဲသွားတဲ့ Security စနစ်ကြောင့် Notification Settings ကို ပြောင်းလဲလိုက်ရတာ ဖြစ်ပါတယ်။ Face ID နဲ့ Lock မဖြည်မချင်း Notification Preview တွေကို ကြည့်လို့ရမှာ မဟုတ်ပါဘူး။

                ကျွမ်းကျင်သူတစ်ဦးကတော့ အခုလို Default ထားထားတာဟာ အဓိပ္ပါတယ်ရှိတယ်လို့ ဆိုပါတယ်။ Face ID နဲ့ ဖုန်းကိုဖွင့်လိုက်ပြီ ဆိုတာကို ရှင်းရှငိးလင်လင်း သိနိုင်သွားတယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
iPhone Lock Screen Apple iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed