Emoji အသစ် အခု (၇၀) ကျော်နဲ့ Bug Fix တွေ ပါဝင်တဲ့ iOS 11.1 ထွက်ရှိ

date_range 01 November 2017

Emoji အသစ် အခု (၇၀) ကျော်နဲ့ Bug Fix တွေ ပါဝင်တဲ့ iOS 11.1 ထွက်ရှိ

visibility 640 Views

                iOS 11 အတွက် အရေးပါတဲ့ Update တစ်ခုအဖြစ် iOS 11.1 ကို Apple က ဒီနေ့ Release လုပ်လိုက်ပြီ ဖြစ်ပါတယ်။ Unicode 10.0 နဲ့ Compactible ဖြစ်မယ့် Emoji အသစ် အခု ၇၀ အပြင် Bug Fix တွေနဲ့ Security Update တွေလဲ ပါဝင်တယ်လို့ Apple က ဖော်ပြထားပါတယ်။

                အရင်တည်းက ကြေငြာထားပြီး အခုတကယ် ထပ်တိုးလိုက်တဲ့ Emoji တွေထဲမှာ ဆိုရင် Wizard နဲ့ Fairy တွေလို Mythical Creature တွေ၊ ဆောင်းရာသီ အချိန်ကိုက် Gloves တွေ၊ Scarf တွေ အပြင် သတ္တဝါအသစ်တွေနဲ့ Facial Expression အသစ်တွေ ပါဝင်ပါတယ်။ နဂို ရှိပြီးသား Emoji တချို့ကိုလည်း အနည်းငယ် ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။ ထုံးစံအတိုင်း Emoji တွေမှာ Gender နဲ့ အသားအရောင် အမျိုးမျိုး ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                3D Touch ရတဲ့ ဖုန်းတွေ (iPhone 6S နဲ့ အထက်) မှာ Screen ရဲ့ ဘယ်ဘက် အစွန်းကို ဖိလိုက်ရင် App Switcher ပေါ်လာတဲ့ Feature ကိုလည်း iOS 11.1 မှာ ပြန်လည် ထည့်သွင်းပေးထားပါတယ်။ အဲ့ဒီ့လို Screen ရဲ့ ဘယ်ဘက်အစွန်းကို ဖိထားရင်းနဲ့ Swipe လုပ်လိုက်ရင် နောက်ဆုံးဖွင့်ခဲ့တဲ့ App ထဲကို တန်းရောက်သွားမယ့် Gesture အသစ်လည်း ပါဝင်လာပါတယ်။ App တစ်ခုနဲ့ တစ်ခု ပြောင်းတဲ့အခါ ပိုပြီး မြန်ဆန်လွယ်ကူသွားမှာပါ။

                Bug Fix တွေ ပါဝင်သလို၊ အရင်လတုန်းက လူပြောများခဲ့တဲ့ Serious Wi-Fi Vulnerability တစ်ခု ဖြစ်တဲ့ KRACK ကိုလည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အခုထိ ရှိနေသေးတဲ့ ဘက်ထရီစားတဲ့ ပြဿနာတွေ iOS 11.1 မှာတော့ အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

                Update လုပ်ချင်တယ် ဆိုရင်တော့ ထုံးစံအတိုင်းပဲ Settings > General > Software Update ထဲကို ဝင်ပြီး လုပ်လိုက်ရုံပါပဲ။ Bug Fix တော်တော်များများလည်း ပါဝင်တာကြောင့် iOS 11.1 ကို တင်ဖြစ်အောင် တင်ဖို့တော့ အကြံပေးချင်ပါတယ်။

References
Tech Crunch
About Author
Assinged Tags
iOS Emoji iOS 11 Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed