World Emoji Day မှာ Emoji အသစ်အချို့ကို Apple မိတ်ဆက်

date_range 18 July 2017

World Emoji Day မှာ Emoji အသစ်အချို့ကို Apple မိတ်ဆက်

visibility 240 Views

                ဇူလိုင်လ (၁၇) ရက်မှာ ကျရောက်တဲ့ World Emoji Day အထိမ်းအမှတ်အနေနဲ့ Emoji အသစ်အချို့ကို Apple က မိတ်ဆက်လိုက်ပါတယ်။ Emoji 5.0 Standard မှာ ပါဝင်လာတဲ့ Emoji အသစ် (၆၉) ခု ထဲက (၁) ဒါဇင်ကျော်ရဲ့ Design တွေကို Apple က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့ Emoji အသစ်တွေကို ဒီနှစ်ကုန်လောက်မှာ iOS၊ macOS နဲ့ watchOS တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

via GIPHY

                Emoji အသစ်တွေထဲမှာဆိုရင် Headscarf ဝတ်ဆင်ထားတဲ့ အမျိုးသမီး၊ မုတ်ဆိတ်ရှိတဲ့ အမျိုးသား၊ ရင်သွေးကို နို့တိုက်ကျွေးနေတဲ့ မိခင်၊ အသားညှပ်ပေါင်မုန့်၊ အုန်းသီး၊ ဒိုင်နိုဆောတစ်မျိုးဖြစ်တဲ့ T-Rex၊ မြင်းကျား၊ Zombie နဲ့ Elf ရုပ်ပုံတွေ ပါဝင်ပါတယ်။ စိတ်ရှုပ်လွန်းလို့ ဦးခေါင်း ပေါက်ကွဲထွက်နေတဲ့ Emoji နဲ့ အလွန်အမင်း အော့အန်နေတဲ့ Emoji တွေကတော့ ကိုယ့်ရဲ့ စိတ်ခံစားမှုကို ထိထိမိမိ ဖော်ပြနိုင်မှာပါ။

                Apple ဟာ World Emoji Day ကို Celebrate လုပ်တဲ့အနေနဲ့ iTunes Store ထဲက ရုပ်ရှင်အချို့ရဲ့ နာမည်တွေကို Emoji တွေနဲ့ ပုံဖော်ထားပါတယ်။

                App Store မှာလည်း Emoji နဲ့ ပက်သက်တဲ့ App တွေ၊ Game တွေကို သီးခြား Section တစ်ခုထဲမှာ Highlight လုပ်ပေးထားတာ တွေ့ရပါတယ်။


                Emoji 5.0 Standard ထဲက Emoji အသစ်တွေကို Launch လုပ်မယ့် အချိန်အတိအကျကိုတော့ Apple က မဖော်ပြခဲ့ပါဘူး။ ဒါပေမယ့် ဒီနှစ် နှောင်းပိုင်းလောက်မှာ တရားဝင် ထွက်ရှိမယ့် iOS 11 မှာ တွဲဖက် ပါဝင်လာဖွယ် ရှိပါတယ်။

References
Apple Newsroom
About Author
Assinged Tags
Emoji World Emoji Day Emoji 5.0
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed