Sony ကနေ Mid Range R Series အသစ် ဖုန်းအသစ် ၂ မျိုးကို မိတ်ဆက်

date_range 31 October 2017

Sony ကနေ Mid Range R Series အသစ် ဖုန်းအသစ် ၂ မျိုးကို မိတ်ဆက်

visibility 1380 Views

                Sony Xperia Series ဖုန်းတွေထဲမှာ အမြင့်ပိုင်းဖြစ်တဲ့ XZ Series, X Series နဲ့ Z Series အပြင် အနိမ့်ပိုင်း Budget နဲ့ Mid Ranger ဈေးကွက်အတွက် XA Series ဖုန်းတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Mid Range Series လို့ ပြောလို့ရမယ့် Sony R Series ဖုန်းသစ်တွေဖြစ်တဲ့ Sony R1 နဲ့ R1 Plus ကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ 

                Sony က နောက်ထပ်မော်ဒယ်အသစ်တွေမှာ ဒီဇိုင်းပြောင်းဖို့ ရှိတယ်ဆိုပေမယ့်၊ အခုစီးရီးအသစ်ကလည်း Design အရတော့ တခြား Sony ဖုန်းတွေလိုပဲ လေးထောင့်ဆန်ဆန် Design ကို အခြေခံနေတုန်းပဲဖြစ်ပါတယ်။ Sony XA ဖုန်းတွေလိုမျိုးလည်း Screen ဘေးဘောင်တွေမပါးတဲ့အတွက် သာမန် Mid Range ဖုန်းတွေလို့ပဲပြောရမှာပါ။ 

                Sony R1 ရော R1 Plus ရော တူညီတဲ့အရွယ်အစားရှိမှာဖြစ်ပြီးတော့ 5.2" 720p HD Screen ပါဝင်မယ်၊ Processor အနေနဲ့က Qualcomm Snapdragon 430 Processor ကို သုံးထားတာဖြစ်ပါတယ်။ Sony Xperia R1 ဖုန်းမှာ RAM 2GB နဲ့ Internal Storage 16GB ပါမှာဖြစ်ပြီးတော့ R1 Plus ကတော့ RAM 3GB နဲ့ Internal Storage 32GB ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Plus ပါသွားတာက RAM နဲ့ Storage ပဲကွာခြားသွားပြီးတော့ အရွယ်အစားကွာသွားမှာမဟုတ်ပါဘူး။ 


                Sony Xperia R1 ရော R1 Plus ရောမှာ 13MP Back Camera နဲ့ 8MP Front Selfie Camera ပါဝင်မယ်၊ Battery က 2620mAh ပါမှာဖြစ်ပြီးတော့ USB Type C Port နဲ့ဖြစ်သွားပါတယ်။ 

                Sony Xperia R1 ကို $215 နဲ့ R1 Plus ကို $2145 ဝန်းကျင်နဲ့ အရင်ဆုံး အိန္ဒိယနိုင်ငံမှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ 

References
Android Authority
About Author
Assinged Tags
Sony Smartphones Sony R1 Sony R1 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed