စမတ်ဖုန်း Design တွေ ပြောင်းလဲပစ်တော့မယ့် Sony

date_range 28 September 2017

စမတ်ဖုန်း Design တွေ ပြောင်းလဲပစ်တော့မယ့် Sony

visibility 4480 Views

                Sony ဖုန်းတွေဟာ ၂၀၁၄ ကနေစပြီး လက်ရှိအချိန်ထိ စမတ်ဖုန်း Design တွေကို (Flagship အပါအ၀င်) လေးထောင့်ကျကျပုံစံတစ်မျိုးကိုပဲ အသုံးပြုထုတ်လုပ်နေတာအတော်ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း Sony ဟာ နောက်ထပ်အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေမှာ Design ပုံစံအသစ်တွေနဲ့ပြောင်းလဲထုတ်လုပ်လာတော့မယ်လို့ သိရှိရပါတယ်။

                Sony ရဲ့ India နိုင်ငံအတွက် Managing Director တစ်ယောက်ဖြစ်တဲ့ Kenichiro Hibi ဟာ 

Sony အနေနဲ့ Generation အသစ်တစ်ခုကို မိတ်ဆက်ပေးဖို့ စီစဉ်နေပြီး၊ အသစ်ထွက်ရှိလာမယ့် Products တွေမှာ Design လုံး၀ပြောင်းလဲသွားတာကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်

                လို့ Indian Express နဲ့ အင်တာဗျူးတစ်ခုမှာပြောကြားထားပါတယ်။ ဆက်လက်ပြီးတော့လည်း Hibi ရဲ့ပြောကြားချက်အရ ဒီ Device အသစ်တွေကို မကြာမီတွေ့မြင်ရတော့မယ်လို့လည်း သိရှိထားပါတယ်။

                Sony ဟာ စမတ်ဖုန်းလောကထဲမှာ အထင်ကရသိပ်မရှိတော့တာ အတော်ကိုကြာခဲ့ပါပြီ။ Camera ကောင်းမွန်ပြီး ရေစိမ်ခံတဲ့ Xperia Z စတင်ထွက်ရှိတုန်းကတော့ စမတ်ဖုန်းလောကမှာ တစ်ခေတ်ဆန်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Samsung, Xiaomi, LG, HTC, OnePlus တို့ကသာ စမတ်ဖုန်းစျေးကွက်မှာ နေရာယူထားပြီး Sony ကတော့ အတော်ကြာကြာနစ်မြုပ်နေခဲ့တာကို တွေ့မြင်ရမှာပါ။

                IFA 2017 ပွဲမှာလည်း Sony ကနေ Xperia XZ1, Xperia XZ1 Compact နဲ့ Xperia XA1 Plus စတဲ့ စမတ်ဖုန်းအသစ်သုံးမျိုးကို မိတ်ဆက်ပေးခဲ့ပေမယ့်လည်း လူစိတ်၀င်စားခြင်း မခံခဲ့ရပါဘူး။ 

                Sony အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ Design နဲ့ Architecture ကိုဖောက်ထွက်ပြီး ဘယ်လိုမျိုးပုံစံအသစ်နဲ့ စမတ်ဖုန်းလောကထဲကို ပြန်လည်ထိုးဖောက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

References
The Verge
About Author
Assinged Tags
Android Sony Android Smartphones Sony Xperia
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed