18:9 Display ၊ AI နည်းပညာသုံး ရှေ့ကင်မရာနဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Oppo F5

date_range 30 October 2017

18:9 Display ၊ AI နည်းပညာသုံး ရှေ့ကင်မရာနဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Oppo F5

visibility 3300 Views

                တရုတ်အခြေစိုက်စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Oppo ရဲ့ Selfie အသားပေးစီးရီးတစ်ခုဖြစ်တဲ့ F Series ရဲ့ နောက်ဆုံးမော်ဒယ် F5 ကတော့ တရားဝင်ထွက်ရှိလာပါပြီ။ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတစ်ချို့မှာ နံပါတ် (၄) ရဲ့ အသံထွက်ဟာ သေခြင်းတရားနဲ့ ဆင်တူနေတာကြောင့် ကံမကောင်းတဲ့နံပါတ်ဆိုပြီး ကုမ္ပဏီတချို့က နံပါတ် (၄) ကို ရှောင်ကြတာကြောင့် Oppo F3 ပြီး F4 မထွက်ဘဲ F5 ထွက်လာတာဖြစ်ပါတယ်။ Oppo ကုမ္ပဏီအောက်က ဖြစ်တဲ့ OnePlus လည်း OnePlus 4 မော်ဒယ်ကို ရှောင်ကာ OnePlus 3T ပြီးတော့ OnePlus 5 ကို ထုတ်ခဲ့ပါတယ်။


                မော်ဒယ်နံပါတ်တွေထားပြီး ဖုန်းအကြောင်းပြောရမယ်ဆိုရင်ဖြင့် Oppo F5 ဟာ အရင် F စီးရီးမော်ဒယ်တွေလိုပဲ Selfie ချစ်သူတွေအတွက် ဦးတည်ထုတ်လုပ်ထားတာဖြစ်ပြီး၊ ရှေ့ကင်မရာမှာ Beauty Affect အတွက် Artificial Intelligence နည်းပညာကို ထည့်သုံးထားတယ်လို့ ဆိုပါတယ်။ Front Camera နဲ့ Portrait Mode ကိုလည်း ဒီနည်းပညာအကူအညီနဲ့ ရိုက်ကူးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

                အခုခေတ်စားနေတဲ့ ဘောင်မဲ့စခရင်အပြည့်၊ 18:9 Aspect Ratio Display ကို ဒီဖုန်းမှာ အသုံးပြုထားပြီး၊ ဘောင်တွေကတော့ အနည်းငယ်ရှိနေတုန်းပါပဲ။

                Oppo F5 ကို Storage နဲ့ RAM မော်ဒယ်နှစ်မျိုး ဝယ်ယူနိုင်မှာဖြစ်ပြီး၊ RAM 4GB နဲ့ Internal Storage 32 GB မော်ဒယ်ကို ဖိလစ်ပိုင်ငွေ ၁၅,၉၉၀ ပီဆို ( မြန်မာငွေ ၄ သိန်းခန့်) နဲ့ ရွှေရောင် (သို့) အနက်ရောင် နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ RAM 6GB နဲ့ Internal Storage 64 GB မော်ဒယ်ကတော့ အနီရောင်တစ်မျိုးတည်း ရရှိမှာဖြစ်ပြီး၊ စျေးနှုန်းကိုတော့ မကြေငြာရသေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံမှာ ယနေ့က စပြီး Pre-Order မှာယူနိုင်ပြီလို့ သိရပါတယ်။


                Chipset အနေနဲ့ကတော့ MediaTek ရဲ့ Octa-core Helio P23 ကို အသုံးပြုထားပြီး၊ Android 7.1 Nougat based ColorOS 3.2 နဲ့ ဖြစ်ပါတယ်။ 18:9 Display က ၆ လက်မအကျယ်ရှိပြီး Resoultion 1080x2160 pixels (FullHD+) နဲ့ ဖြစ်ပါတယ်။ Dual Nano-SIM နှစ်ကတ်အသုံးပြုနိုင်ပြီး microSD ကတ်လည်း 256 GB အထိ သက်သက်ထပ်စိုက်နိုင်မှာပါ။

                ကင်မရာပိုင်းကတော့ Front Camera ဦးစားပေးထားတာကြောင့် f/2.0, 20-Megapixel Camera ကို တွေ့ရမှာဖြစ်ပြီး၊ ကျောကင်မရာကတော့ LED Flash တစ်လုံးနဲ့အတူ f/1.8 16-Megapixel Camera အသုံးပြုထားပါတယ်။ ဘက်ထရီကတော့ 3200mAh ဘက်ထရီပါ။

                Oppo F5 ရဲ့ Specifications အပြည့်အစုံကို ကျနော်တို့ရဲ့ Mobile Finder ကဏ္ဍမှာ ဒီကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


References
Gadgets 360
About Author
Assinged Tags
Smartphones OPPO Oppo F5
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed