iPhone X ကို စတင် Pre-Order လုပ်နိုင်ပြီ

date_range 27 October 2017

iPhone X ကို စတင် Pre-Order လုပ်နိုင်ပြီ

visibility 8440 Views

                Apple ပရိတ်သတ်တွေ စောင့်မျှော်နေကြတဲ့ iPhone X ကို Apple Official Website မှာ စတင် Pre-Order လုပ်နိုင်ပါပြီ။ iPhone X ကို မော်ဒယ်လ်နှစ်မျိုးနဲ့ ဝယ်ယူရရှိနိုင်မှာပါ။ 64GB မော်ဒယ်လ်ကတော့ ကန်ဒေါ်လာ ၉၉၉ ဒေါ်လာကျသင့်ပြီး၊ 256 မော်ဒယ်လ်ကတော့ ကန်ဒေါ်လာ ၁,၁၄၉ ဒေါ်လာထိအောင် ကျသင့်မှာ ဖြစ်ပါတယ်။ အရောင်ကတော့ Sliver နဲ့ Space Grey ဆိုပြီး နှစ်မျိုးရှိမှာပါ။

                iPhone X ကို Apple အနေနဲ့ iPhone ဆယ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ iPhone X ဟာ iPhone မျိုးဆက်တွေ အားလုံးထဲမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့တဲ့ iPhone ပဲ ဖြစ်ပါတယ်။ iPhone X ရဲ့ Specs အပြည့်အစုံကိုတော့ TechX ရဲ့ Mobile Finder ကနေ သွားရှာကြည့်လို့ ရပါတယ်။


Pre-Order မှာတဲ့အခါမှာ အရင်ကလိုမျိုး Carrier ရွေးပေးရတဲ့ နေရာမှာ “Buy Without Carrier” ဆိုတဲ့ Option လေး မပါတော့ပါဘူး။ ဒါပေမယ့် မပူပါနဲ့။ AT&T, Sprint, T-Mobile, Verizon စတဲ့ Carrier တွေထဲက ဘယ်ဟာကိုပဲဖြစ်ဖြစ် ရွေးထားလိုက်ပါ။


ပြီးရင် ထုံးစံအတိုင်း Color နဲ့ Storage Capacity ကို ရွေးပေးလိုက်ပါ။

 

အဲ့ကျရင် “How would you like to pay?”“ဘယ်လိုပုံစံနဲ့ ငွေချေမှာလဲ?” လို့ မေးပါလိမ့်မယ်။ အောက်ဆုံးမှာ “Pay in full” ဆိုတာလေး ရှိပါတယ်။ အဲ့ဒါလေးကို နှိပ်လိုက်ပါ။


ဒါဆိုရင်တော့ iPhone X ကို အလုံးလိုက် Pre-Order မှာလို့ ရပြီဖြစ်ပါတယ်။


References
9to5Mac
About Author
Assinged Tags
iPhone Apple iPhone X Pre-Order
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed