"Face ID Sensors တွေရဲ့ Specs ကို လျော့ချလိုက်ပေမယ့် Quality ကျသွားမှာတော့ မဟုတ်ဘူး" လို့ Apple ငြင်းဆို

date_range 26 October 2017

"Face ID Sensors တွေရဲ့ Specs ကို လျော့ချလိုက်ပေမယ့် Quality ကျသွားမှာတော့ မဟုတ်ဘူး" လို့ Apple ငြင်းဆို

visibility 1720 Views

                မနေ့က Bloomberg ပေးပို့ထားတဲ့ Report တစ်ခုအရ Apple အနေနဲ့ တပ်ဆင်ရခက်ခဲတဲ့ Face ID Sensors တွေက ထုတ်လုပ်မှုပိုင်းမှာ အဟန့်အတား ဖြစ်နေတဲ့အတွက် Sensors တွေရဲ့ Specs ကို လျော့ချလိုက်တယ်လို့ သိရပါတယ်။ Spces ပိုင်းကို လျော့ချလိုက်တာကြောင့် Quality ပိုင်းနဲ့ Accuracy ပိုင်းမှာ ထိခိုက်မှုရှိလာနိုင်တယ်လို့လည်း Bloomberg က ဆိုထားပါတယ်။

                ဒီနေ့မှာတော့ Apple က တာဝန်ရှိသူတွေ အနေနဲ့ Bloomberg ရဲ့ Report ကို 

                “iPhone X, Face ID တို့နဲ့ ပက်သက်ပြီး Customer တွေဘက်က အရမ်းကို စိတ်လှုပ်ရှားနေကြတယ်ဆိုတဲ့ အချက်က ကျနော်တို့အတွက်တော့ မယုံနိုင်ဖွယ်ရာပါပဲ။ ဒါကြောင့်လည်း လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ကျရင် iPhone X ကို Customer တွေ လက်ထဲထည့်ပေးနိုင်ဖို့အတွက် ကျနော်တို့ မစောင့်နိုင်တော့ပါဘူး။

                FaceID ဆိုတာ အရမ်းကို Powerful ဖြစ်ပြီး၊ Secure လည်းဖြစ်တဲ့ Authentication System တစ်ခုဖြစ်သလို၊ သုံးရလည်း အရမ်းကိုလွယ်ကူပါတယ်။ Face ID Sensors တွေရဲ့ Specs ပိုင်းကို လျော့ချလိုက်ပေမယ့် Quality ပိုင်းနဲ့ Accuracy ပိုင်းမှာတော့ လုံးဝ ထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။

                Apple အနေနဲ့ Face ID Sensors တွေရဲ့ Accuracy Spec ကို လျော့ချလိုက်တယ်လို့ Bloomberg က ပြောထားတာဟာ လုံးဝ (လုံးဝ) မှားယွင်းပါတယ်။ ကျနော်တို့ကတော့ Face ID ဟာ Facial Authentication ပိုင်းမှာ Gold Standard အသစ်တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်”

လို့ ပြန်လည်တုန့်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

                Apple အနေနဲ့ Specs ပိုင်းနဲ့ Quality Control (QC) ပိုင်းမှာ လျော့ချလိုက်တယ်ဆိုတဲ့ အချက်ကိုတော့ ပြန်လည်တုန့်ပြန်တဲ့ Statement ထဲမှာ ထည့်ပြောမသွားပါဘူး။ Quality ပိုင်းနဲ့ Accuracy ပိုင်းမှာ ထိခိုက်မှုမရှိတာကိုပဲ စကားလုံးလှလှလေးတွေသုံးပြီး ပြောသွားတာ ဖြစ်ပါတယ်။

                ဒါပေမယ့်လည်း QC ပိုင်းနဲ့ Specs ပိုင်းကို လျော့ချပြီး ထုတ်လုပ်ထားတဲ့ Face ID ဟာ Accuracy ပိုင်းမှာ ထိခိုက်မှုရှိလာနိုင်တယ်လို့တော့ အတိအကျ မပြောနိုင်ပေမယ့် Quality ပိုင်းမှာတော့ အနည်းနဲ့အများ ထိခိုက်မှုရှိလာနိုင်တယ်လို့တော့ ကျနော်ထင်ပါတယ်။

References
The Verge
About Author
Assinged Tags
iPhone Apple iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed