တပ်ဆင်ရခက်ခဲတဲ့ Face ID Sensors တွေက ထုတ်လုပ်မှုပိုင်းကို နှောင့်နှေးစေတာကြောင့် iPhone X ကို ဝယ်ယူရရှိနိုင်ရန် ပိုမိုခက်ခဲမည်

date_range 28 September 2017

တပ်ဆင်ရခက်ခဲတဲ့ Face ID Sensors တွေက ထုတ်လုပ်မှုပိုင်းကို နှောင့်နှေးစေတာကြောင့် iPhone X ကို ဝယ်ယူရရှိနိုင်ရန် ပိုမိုခက်ခဲမည်

visibility 1580 Views

                Wall Street Journal က Report တစ်ခုအရ ထုတ်လုပ်မှုပိုင်း နှောင့်နှေးမှု ပြဿနာတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အတွက် iPhone X ကို ဝယ်ယူရရှိနိုင်ဖို့ ပိုမိုခက်ခဲမယ်လို့ သိရပါတယ်။ 

                Report ထဲမှာတော့ Apple အနေနဲ့ iPhone X မှာ အသုံးပြုထားတဲ့ Face ID Sensors တွေကို Module နှစ်ခုခွဲပြီး တပ်ဆင်တယ်လို့ သိရပါတယ်။ မျက်နှာကို Infrared Dots တွေထိုးပြီး Map လုပ်ပေးမယ့် “Romeo” ဆိုတဲ့ Module နဲ့ မျက်နှာ Pattern ကို ဖတ်ရှုပေးမယ့် “Juliet” ဆိုတဲ့ Module ဆိုပြီး နှစ်ခုခွဲထားပါတယ် (Code Name တွေက အဆန်းကြီးတွေ၊ မသိရင် Sensor တွေက အရမ်းချစ်တဲ့ ချစ်သူတွေကျနေတာပဲ၊ ဟီးဟီး)။


                Module နှစ်ခုမှာ “Juliet” ကတော့ တပ်ဆင်ရတာ အခက်အခဲ မရှိပေမယ့် “Romeo” ကတော့ တပ်ဆင်ဖို့ ပိုမိုခက်ခဲတယ်လို့ သိရပါတယ်။ Apple ပြောထားသလိုမျိုး "နေရာသေးသေးလေးမှာတင် နည်းပညာတွေ အများကြီးထည့်ထားတယ်" ဆိုတော့လည်း တပ်ဆင်ရ ပိုမိုခက်ခဲသွားတာ မဆန်းပါဘူး။ တပ်ဆင်ရခက်ခဲမှုကြောင့် အချိန်ပိုယူရတာဖြစ်တဲ့အတွက် ထုတ်လုပ်မှုပိုင်းမှာ ပိုမိုနှောင့်နှေးသွားမှာ ဖြစ်တယ်လို့ Wall Street Journal က ပြောထားပါတယ်။

                Apple အနေနဲ့ iPhone 8, 8 Plus, iPhone X ဆိုပြီး iPhone အမျိုးအစားသုံးမျိုးကို တစ်ပြိုင်နက်တည်း မိတ်ဆက်ခဲ့ပေမယ့်လည်း iPhone 8 နဲ့ 8 Plus ထက် iPhone X ကိုပဲ လိုချင်ကြတဲ့သူတွေက ပိုများနေပါတယ်။ ဝယ်လိုအားက များနေတယ်ဆိုပေမယ့် ထုတ်လုပ်မှုပိုင်းမှာ ပြဿနာတွေ တစ်မျိုးပြီး၊ တစ်မျိုး တက်နေတာကြောင့် iPhone X ကို စောင့်မျှော်နေတဲ့ သူတွေအတွက်ကတော့ မျိုးကြီးရဲ့ “ဒီကစောင့်နေသူ” တွေဖြစ်ဖို့ ရာခိုင်နှုန်း ပိုများနေတယ်လို့ ဆိုရမှာပါပဲ။

References
The Verge
About Author
Assinged Tags
iPhone iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed