iPhone X ထုတ်လုပ်မှုပိုင်းမှာ ပိုမိုမြန်ဆန်စေဖို့အတွက် Face ID Sensors တွေရဲ့ Specifications တွေကို Apple လျော့ချ

date_range 25 October 2017

iPhone X ထုတ်လုပ်မှုပိုင်းမှာ ပိုမိုမြန်ဆန်စေဖို့အတွက် Face ID Sensors တွေရဲ့ Specifications တွေကို Apple လျော့ချ

visibility 240 Views

                Apple ဆိုတဲ့ ကုမ္ပဏီဟာ Quality ပိုင်းကို တော်တော်လေး ဦးစားပေးပြီး ထုတ်လုပ်မှုပိုင်းမှာလည်း လိုချင်တဲ့ Quality ကို မရ၊ ရအောင် ထုတ်လုပ်ခိုင်းတဲ့ ကုမ္ပဏီတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ Apple အနေနဲ့ သူတို့ရဲ့ တင်းကျပ်တဲ့ စည်းကမ်းကို လျော့ချလိုက်ပြီ ဖြစ်ပါတယ်။

                အခုလက်ရှိမှာ တပ်ဆင်ရခက်ခဲတဲ့ Face ID Sensors တွေက iPhone X ထုတ်လုပ်မှုပိုင်းမှာ နှောင့်နှေးနေစေတာကြောင့် Apple အနေနဲ့ Face ID Sensors တပ်ဆင်တဲ့ ကုမ္ပဏီတွေအနေနဲ့ တပ်ဆင်မှုပိုင်းမှာ အခက်အခဲမရှိပဲ မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်စေဖို့အတွက် Sensors တွေရဲ့ Specifications တွေကို လျော့ချလိုက်တယ်လို့ သိရပါတယ်။

                ကုမ္ပဏီတစ်ခုကတော့ သတ်မှတ်ထားတဲ့ Specifications တွေနဲ့ မကိုက်ညီတာကြောင့် Apple က ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ Face ID ကို တာဝန်ယူ တပ်ဆင်နေတဲ့ ကုမ္ပဏီက နှစ်ခုပဲ ရှိပါတော့တယ်။ တပ်ဆင်မှုပိုင်းမှာတင် မဟုတ်ပါဘူး။ ထုတ်လုပ်မှုပိုင်းမှာလည်း LG နဲ့ Sharp တို့ဟာ Dot Projector ကို ထုတ်လုပ်တဲ့ နေရာမှာ တော်တော်လေး တိုင်ပါတ်ခဲ့ကြတယ်လို့ သိရပါသေးတယ်။

                Microscopic Gallium Arsenide Laser နဲ့ Glass Lens တွေနဲ့ ပေါင်းစပ်ထားတဲ့ Infrared Dot Projector ကို တပ်ဆင်တဲ့ နေရာမှာ အရမ်းလည်း အချိန်ယူရသလို၊ အရမ်းလည်း အနုစိပ်လုပ် ရပါတယ်။ အနုစိပ်ရတဲ့အပြင် တိကျမှုကလည်း ရှိရပါသေးတယ်။ ဆံပင်တချောင်းစာလောက် လွဲသွားခဲ့တယ်ဆိုရင်တောင် Dot Projector က သေသေချာချာ အလုပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

                အခုအချိန်ထိကတော့ Apple က Face ID Sensors တွေရဲ့ Specs ကို ဘယ်လောက် အတိုင်းအတာထိအောင် ပြောင်းလဲလိုက်ပြီလည်း ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒီပြောင်းလဲမှုကြောင့် Face ID ကို အသုံးပြုရတဲ့ အပိုင်းမှာ ဘယ်လောက်ထိ၊ ထိခိုက်မှုတွေ ရှိသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

                ဒါပေမယ့်လည်း Specs တွေ လျော့လိုက်တာ ဖြစ်တဲ့အတွက် Quality ပိုင်းမှာ ထိခိုက်မှုကတော့ ရှိလာမှာ အသေအချာပါပဲ။ Quality ပိုင်း ထိခိုက်လာနိုင်တာ ဖြစ်တဲ့အတွက် Face ID ကို အသုံးပြုရတဲ့ အပိုင်းမှာလည်း အကျိုးဆက်တွေ ရှိလာနိုင်တယ် ဆိုတာကတော့ သေချာသလောက် ရှိနေပါတယ်။

References
9to5Mac
About Author
Assinged Tags
Apple iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed