Pre-Order လုပ်နိုင်မယ့်နေ့ မရောက်မီ Apple Official Website ရဲ့ Home Page တစ်ခုလုံးကို နေရာယူထားပြီဖြစ်တဲ့ iPhone X

date_range 25 October 2017

Pre-Order လုပ်နိုင်မယ့်နေ့ မရောက်မီ Apple Official Website ရဲ့ Home Page တစ်ခုလုံးကို နေရာယူထားပြီဖြစ်တဲ့ iPhone X

visibility 1660 Views

                ဒီနှစ်မှာတော့ Apple အနေနဲ့ iPhone သုံးမျိုး မိတ်ဆက်ခဲ့ပေမယ့်လည်း iPhone 8 နဲ့ 8 Plus တို့ဟာ လူစိတ်ဝင်စားမှု နည်းခဲ့ပြီး၊ iPhone X ကိုပဲ လိုချင်ခဲ့ကြပါတယ်။ iPhone X ကို စောင့်မျှော်နေကြသူတွေ အနေနဲ့ လာမယ့်သောကြာနေ့မှာ iPhone X ကို Pre-Order ရယူနိုင်ပြီ ဖြစ်ပါတယ်။

                ဒီတော့ လူတိုင်းစိတ်ဝင်စား၊ လိုချင်နေကြတဲ့ iPhone X ကို Pre-Order စတင် လုပ်နိုင်မယ့်နေ့ မရောက်မီ ပိုပြီးစိတ်ဝင်စား၊ ပိုပြီးလိုချင်လာအောင် apple.com ရဲ့ Home Page တစ်ခုလုံးကို iPhone X မှာ ပါဝင်တဲ့ Features သစ်တွေကို ဓာတ်ပုံတွေ၊ Animation တွေ စုံစုံလင်လင်နဲ့ ပြသထားပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် Apple Official Website ရဲ့ Home Page မှာ အရင်တုန်းကလိုမျိုး Product တွေ စုံစုံလင်လင်နဲ့ မြင်ရတော့မှာ မဟုတ်ပါဘူး။


                Apple အနေနဲ့ iPhone X အပေါ်မှာ တော်တော်ကြီး မျှော်လင့်ချက် ထားနေတယ်ဆိုတာ အခုလိုလုပ်လိုက်တာက သက်သေပြနေပါတယ်။ ထုတ်လုပ်မှုပိုင်းမှာ အခက်အခဲတွေ ရှိနေတယ် ဆိုပေမယ့်လည်း Apple ကတော့ “Apple Retail Store တွေမှာတောင် Walk-In Customers တွေအတွက် အလုံးအရေအတွက် လုံလုံလောက်လောက် ထားရှိနိုင်မယ်” လို့ ဆိုထားပါတယ်။

                မနှစ်ကတော့ တရားဝင် မရောင်းချရသေးခင်မှာတင် Jet Black iPhone 7 နဲ့ iPhone 7 Plus Pre-Orders တွေ များလွန်းခဲ့တာကြောင့် Out-of-Stock ဖြစ်ခဲ့ရပါသေးတယ်။ ဒီနှစ် iPhone X ကတော့ ဘယ်လိုလာမလဲ မသိပါဘူး။ စိတ်ဝင်စားမှု ရာခိုင်နှုန်းက တော်တော်လေးများတယ် ဆိုတော့လည်း iPhone X ဟာလည်း Pre-Order တွေနဲ့တင် Out-of-Stock ဖြစ်နိုင်ချေရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

References
9to5Mac Apple
About Author
Assinged Tags
iPhone 7 Plus iPhone 7 iPhone 8 related news Apple iPhone X iPhone 8 Plus Pre-Order
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed