လှလည်းလှ၊ ဈေးလည်းကြီးတဲ့ ColorWare ရဲ့ ၁၉၈၀ ခုနှစ်စတိုင် iPhone 7 Plus

date_range 20 March 2017

လှလည်းလှ၊ ဈေးလည်းကြီးတဲ့ ColorWare ရဲ့ ၁၉၈၀ ခုနှစ်စတိုင် iPhone 7 Plus

visibility 990 Views

                ColorWare ဆိုတာ Apple Product တွေကို ဆေးပြန်မှုတ်၊ အရောင်တွေပြန်ပြောင်း၊ ဒီဇိုင်းအသစ်အဆန်းတွေလုပ်ပစ်၊ ပြီးရင် ပြန်လည်ရောင်းချတဲ့ Custom Painting Company ပါ။ ထွက်လာသမျှ Apple Product အကုန်လုံးလည်း ဒီကုမ္ပဏီရဲ့လက်က မလွတ်ပါဘူး။ 

                အခုလည်း iPhone 7 Plus ကို ၁၉၈၀ ခုနှစ်စတိုင် ပြောင်းပစ်လိုက်ပြီး iPhone 7 Plus Retro Edition လို့ အမည်သမုတ်ပြီး ရောင်းချဉီးမှာပါတဲ့။ iPhone ရဲ့ အရောင်ဟာ ၁၉၈၀ ခုနှစ်တုန်းက အသုံးပြုခဲ့တဲ့ အဖြူရောင်ကို အသုံးပြုထားပြီး၊ ဖုန်းရဲ့ဘေးမှာတော့ ၁၉၈၀ ခုနှစ်တုန်းက ကွန်ပျူတာတွေမှာပါတဲ့ လေထွက်ပေါက်လိုမျိုး ခဲရောင်အစင်းလေးတွေ ပါရှိပါတယ်။

                ဖုန်းရဲ့ကျောဘက်က Apple Logo ကလည်း အခုခေတ် Apple Logo မဟုတ်ပဲ အရင်ခေတ် Apple ရဲ့ Logo ကိုပဲ ပြန်လည်အသုံးပြုထားပါတယ်။ ခေတ်ဟောင်းကအရသာအကုန်ပါအောင် Logo ကအစ ပြောင်းထားတာပဲဖြစ်ပါတယ် (အေးရော။)။

                ColorWare က Apple Product တွေကို အခုမှ ခေတ်ဟောင်းစတိုင် ပြောင်းပစ်တာမဟုတ်ပါဘူး။ အရင်တုန်းထဲက MacBook Air, MacBook, iMac နဲ့ iPhone 6s စတဲ့ Product တွေကိုလည်း ခေတ်ဟောင်းစတိုင်အဖြစ် ပြန်လည်ပြုပြင် ရောင်းချခဲ့တာပါ။ ဝယ်ယူချင်တယ်ဆိုရင် ColorWare Website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 

                ဒါပေမယ့် Product တိုင်းကိုတော့ ColorWare က အရေအတွက် အတိအကျနဲ့ ရောင်းချတာဖြစ်ပြီး၊ ဈေးကလည်း မသေးပါဘူး။ အခု iPhone 7 Plus Retro Edition ဖုန်းဟာ 256GB မော်ဒယ်လ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁,၈၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် မူရင်းဈေးထက်နှစ်ဆတောင် ပိုပေးရမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
iPhone ColorWare iPhone 7 Plus Retro Edition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed