4K HDR Support နဲ့ Xiaomi Mi TV 4C ထွက်ရှိ

date_range 24 October 2017

4K HDR Support နဲ့ Xiaomi Mi TV 4C ထွက်ရှိ

visibility 740 Views

                Xiaomi ဟာ Mi TV Series ရဲ့ နောက်ထပ်စီးရီးမော်ဒယ်အသစ်ဖြစ်တဲ့ Mi TV 4C ကို စတင်မိတ်ဆက်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

                Mi TV 4C စီးရီးအသစ်ဟာ ပြီးခဲ့တဲ့နှစ်၊ မတ်လက ထွက်ရှိထားတဲ့ Mi TV 4A စီးရီးကို Upgrade လုပ်ထားတာ ဖြစ်ပြီး၊ လောလောဆည် တရုတ်ပြည်တွင်းမှာပဲ ရောင်းချဦးမှာဖြစ်ပါတယ်။

                Mi TV 4C ကို မော်ဒယ်နှစ်မျိုးနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး၊ ၄၃ လက်မ ၊ RAM 1 GB နဲ့  8 GB Storage မော်ဒယ်က တရုတ်ယွမ်ငွေ ၁,၈၄၉ ( USD ၂၈၀ ခန့် ) နဲ့ ၅၅ လက်မ ၊ RAM 2 GB နဲ့ 8 GB Storage မော်ဒယ်က တရုတ်ယွမ်ငွေ ၂,၆၄၉ ( USD ၄၀၀ ခန့် ) ကျသင့်မှာပါ။ မော်ဒယ်နှစ်ခုက စခရင်အရွယ်အစားကွာသွားသလို ရုပ်ထွက်အရည်အသွေးလည်း ကွာသွားပြီး၊ ၄၃ လက်မမော်ဒယ်က full-HD Display နဲ့ ဖြစ်ပေမယ့် ၅၅ လက်မ မော်ဒယ်ကတော့ 4K HDR Display နဲ့ ဖြစ်သွားပါတယ်။ ဒေါ်လာ ၁၀၀ ကျော် ပိုသုံးပြီး၊ 4K HDR မော်ဒယ်ကို ဝယ်တာက ပိုတန်မယ်လို့ ထင်ပါတယ်။ 


                Mi TV 4C မှာ အသုံးပြုထားတဲ့ မျက်နှာပြင်ဘေးဘောင်တွေက ၉ မီလီမီတာပဲ ရှိတာကြောင့် စခရင်က အပြည့်နီးပါး ဖြစ်နေတာကို တွေ့မြင်ရမှာပါ။ TV Processor အနေနဲ့ 64-bit Quad-core Amlogic T962 Processor ကို အသုံးပြုထားပြီး၊ Wi-Fi 802.11ac (2.4/5 GHz dual band Wi-Fi) ၊ Bluetooth 4.2, Dolby နဲ့ DTS Audio စနစ်တို့ ပါဝင်ပါတယ်။ ဒီ့အပြင် တီဗီဖန်သားပြင်ကို ကြာကြာကြည့်လို့ မျက်စိညောင်းညာကိုက်ခဲတာတွေ၊ အမြင်ဝေဝါးတာတွေ မဖြစ်အောင်အတွက် Blue Light Filter Mode လည်း ပါဝင်လာပါတယ်။

                Mi TV 4C ဝယ်ရင် Speech Recognition စနစ်တွေ၊ Mi Touch နဲ့ Infrared features တွေ ပါဝင်တဲ့ Mi Bluetooth Remote Controller တော့ တပါတည်းပါဝင်လာမှာမဟုတ်ဘဲ၊ ၉၉ ယွမ်နဲ့ သက်သက် ထပ်ဝယ်ရပါလိမ့်မယ်။

                Xiaomi အနေနဲ့ Mi TV 4C စီးရီးကို တခြားစျေးကွက်တွေကိုလည်း ဖြန့်ချိမှာလည်း ဆိုတာကိုတော့ တရားဝင်မပြောရသေးပါဘူး။ Mi TV စီးရီးတွေက ကျနော်တို့ဆီမှာလည်း နာမည်ရပြီးသားဖြစ်တာကြောင့် ဒီဘက်စျေးကွက်တွေကိုပါ တင်သွင်းနိုင်ရင်တော့ မဆိုးပါဘူး။

References
Gadgets NDTV
About Author
Assinged Tags
Xiaomi Mi TV Smart TV Mi TV 4C Televisions
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed