စျေးအနည်းဆုံးနဲ့ အသေးဆုံးဖြစ်တဲ့ Mi TV 4A (32 လက်မ) Model ကို Xiaomi မိတ်ဆက်

date_range 20 July 2017

စျေးအနည်းဆုံးနဲ့ အသေးဆုံးဖြစ်တဲ့ Mi TV 4A (32 လက်မ) Model ကို Xiaomi မိတ်ဆက်

visibility 15320 Views

                Xiaomi မှ စျေးသက်သာတဲ့ Mi TV 4A Series ထဲမှာမှ အသေးငယ်ဆုံးဖြစ်တဲ့ 32 လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိတဲ့ Smart Television Set အသစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါတယ်။ စျေးနှုန်းအနေနဲ့ Chinese Yuan 1,099 (USD $162 ခန့်) ပဲရှိတာမို့ စျေးနှုန်းသက်သာတဲ့ Smart Television Set တစ်မျိုးလည်းဖြစ်ပါတယ်။ လက်ရှိအနေနဲ့တော့ ဒီ Smart TV ကို တရုတ်ပြည်ကစျေးကွက်ထဲမှာပဲ မြင်တွေ့နေရသေးပြီး ကမ္ဘာတစ်ဝန်းမှာကော ဖြန့်ချီပေးမှာလားဆိုတာကို အတိအကျမသိရှိရသေးပါဘူး။

                ဒီ Mi TV 4A (32 လက်မ) ရဲ့ Body ကို ပလက်စတစ်နဲ့ပြုလုပ်ထားပြီး 3.9kg အလေးချိန်ရှိပါတယ်။ Model မှာပြောထားတဲ့အတိုင်း 32 လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီး 768 x 1366 Pixels Resolution ကိုထောက်ပံ့ပေးနိုင်တဲ့ Display ပါ၀င်ပါတယ်။ Mi TV 4A (32 လက်မ) အနေနဲ့ 60Hz Refresh Rate အထိထောက်ပံ့ပေးနိုင်ပါတယ်။ AI နည်းပညာကိုအသုံးပြုထားတဲ့ PatchWall စနစ်လည်းပါ၀င်ပြီး TV ကြည့်ရှုသူတွေကိုလည်း ကြည့်ရှုတဲ့ Content အပေါ်မူတည်ပြီး နောက်ထပ်ကြည့်စရာတွေကို Recommend လုပ်ပေးနိုင်မယ့်အပြင် Speech Recognition စနစ်လည်းပါ၀င်လာမှာဖြစ်ပါတယ်။


                Mi TV 4A (32 လက်မ) မှာ Quad-Core Cortex-A53 Processor ပါ၀င်ပြီး Processor Clock Speed အနေနဲ့ 1.5 GHz ရှိပါတယ်။ GPU အနေနဲ့ Mali-450 MP3 ကိုအသုံးပြုထားပြီး RAM 1GB ပါ၀င်ပါတယ်။ Internal Storage လည်း 4GB built-in ပါ၀င်လာမှာပါ။  Connectivity အတွက် Wi-Fi၊ USB Port တစ်ခု၊ Ethernet Port တစ်ခု၊ HDMI Port နှစ်ခု နဲ့ AV Port တစ်ခု ပါ၀င်မှာပဲဖြစ်ပါတယ်။ 

                Mi TV 4A (32 လက်မ) ကို July 24 မှာ တရုတ်ပြည်တွင် စတင်ရောင်းချပေးမှာဖြစ်ပြီး CNY 100 (USD $14 ခန့်) ကို Shipping Fee Discount အနေနဲ့ စတင်၀ယ်ယူသူတိုင်းကို Initial Sale Offer အဖြစ်ပေးအပ်သွားမှာဖြစ်ပါတယ်။ Xiaomi မှ ဒီ Mi TV 4A Series ကို မေလလောက်မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး 43 လက်မ၊ 49 လက်မ၊ 55 လက်မ နဲ့ 65 လက်မဆိုပြီး Model ၄ မျိုးထွက်ရှိခဲ့ပြီးပြီဖြစ်ပါတယ်။ 

References
Gadgets NDTV
About Author
Assinged Tags
Xiaomi AI Mi TV Xiaomi TV Xiaomi Smart TV Mi TV 4A AI Based PatchWall Patchwall Smart TV
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed