Halloween မှာ သင့်ကို ခြောက်ခြားဖို့ အသင့်ဖြစ်နေတဲ့ Google Assistant

date_range 16 October 2017

Halloween မှာ သင့်ကို ခြောက်ခြားဖို့ အသင့်ဖြစ်နေတဲ့ Google Assistant

visibility 340 Views

                အောက်တိုဘာလ ၃၁ ရက်ဟာ အနောက်ပိုင်း (Western) နိုင်ငံတွေမှာ Halloween Day အနေနဲ့ ကျင်းပကြလေ့ရှိတာကို အတော်များများသိရှိကြပြီးဖြစ်မှာပါ။ ယခုနှစ် အောက်တိုဘာလဟာလည်း အနည်းငယ်ထူးခြားပါသေးတယ်။ ဘာလို့လဲဆိုတော့ အောက်တိုဘာလ ၁၃ ရက်နေ့ဟာလည်း သောကြာနေ့မှာဖြစ်နေခဲ့တဲ့အတွက် Friday the 13th ကိုလည်းဖြတ်သန်းခဲ့ရပြီးပါပြီ။

via GIPHY

                အခုအချိန်မှာတော့ Google Assistant မှာလည်း Halloween Easter Egg အဖြစ် Voice Command အချို့ကို Google ကနေ ထည့်သွင်းပေးထားပြီး၊ Halloween ကို Google Assistant နဲ့ အပြည့်အ၀ခံစားနိုင်အောင် ပြုလုပ်ပေးထားပါသေးတယ်။ Halloween အတွက် Google Assistant အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

  • OK Google, what should I be for Halloween? (ဒီ Command ဟာ မိမိ Halloween အတွက် ဘာဝတ်ဆုံ ဝတ်သင့်တယ်ဆိုတာကို Google Assistant ကနေ မေးခွန်းလေးတွေမေးပြီး အကြုံပြုပေးမှာဖြစ်ပါတယ်)
  • OK Google, get directions to the nearest pumpkin patch. (ဒီ Command ကတော့ Halloween မှာ အသုံးပြုလေ့ရှိတဲ့ ရွေဖရုံသီးတွေ စိုက်ထားတဲ့နေရာကို ပြသပေးဖို့ လမ်းညွှန်ပေးခိုင်းတာဖြစ်ပါတယ်)
  • OK Google, how do I get rid of monsters? (ဒီ Command ကို သရဲနဲ့ အခြားမကောင်းဆိုးဝါးတွေလာတဲ့အခါ ဘယ်လိုမျိုးနှင်ထုတ်ရမလဲဆိုတာကိုမေးမြန်းဖို့အတွက် အသုံးပြုနိုင်ပါတယ်)
  • OK Google, add halloween candy to my shopping list. (ဒီ Command ဟာ Halloween Day အတွက် ကလေးတွေ Trick Or Treat လာတောင်းတဲ့အခါ ပေးလို့ရအောင် သကြားလုံးလေးတွေဝယ်ယူဖို့အတွက် Shopping List ထဲမှာထည့်ထားဖို့ အသုံးပြုနိုင်ပါတယ်)
  • OK Google, scare me (ဒီ Command ကိုအသုံးပြုပြီး Google Assistant ကနေ မိမိကိုခြောက်ခြားစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ Google Assistant ကနေဘာတွေပြောပြလဲဆိုတာကိုတော့ ကိုယ့်ဟာကိုယ် စမ်းပြီးမေးကြည့်လိုက်နော်)
  • OK Google, let’s get spooky (ဒီ Command ကို Halloween နဲ့အလိုက်ဖက်ဆုံးနဲ့ အကြိုက်ဆုံးလို့ဆိုရမှာပါ။ Google Assistant ကနေ ကြောက်စရာတီးလုံးတစ်ခုဖွင့်ပေးပြီး၊ တကယ်လို့ မိမိစမတ်ဖုန်းဟာ Smart Lights တွေ၊ Smart TV တွေနဲ့ ချိတ်ဆက်ထားတယ်ဆိုရင်တော့ မီးတွေမှိတ်တုတ် မှိတ်တုတ်ဖြစ်အောင်နဲ့ TV မှာလည်း ကြောက်စရာဗီဒီယိုတစ်ခုကိုပြသပေးသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။)


                ကဲ ဒီလောက်ဆိုရင်တော့ Google Assistant ရဲ့ Easter Egg တစ်ခုဖြစ်တဲ့ Halloween Theme အကြောင်းကို အတော်လေးသိရှိသွားကြလောက်ပါပြီ။ စာဖတ်သူတွေအနေနဲ့လည်း ဒီ Command တွေကို တစ်ခုချင်း စမ်းသပ်ကြည့်ကြရင်းနဲ့ Halloween ပွဲကို အတူနွှဲပျော်နိုင်ကြပါစေလို့ TechX Myanmar ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

References
Android Authority
About Author
Assinged Tags
Google Google Assistant Android iOS Halloween Day Halloween
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed