နံရံ၊ စားပွဲ စတဲ့ မျက်နှာပြင်တိုင်းကို Touchscreen အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Sony Xperia Touch ပရိုဂျက်တာ ထွက်ရှိလာ

date_range 13 October 2017

နံရံ၊ စားပွဲ စတဲ့ မျက်နှာပြင်တိုင်းကို Touchscreen အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Sony Xperia Touch ပရိုဂျက်တာ ထွက်ရှိလာ

visibility 7340 Views

                ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ MWC (Mobile World Congress) ပွဲမှာ Sony ကနေ ရှေ့ပြေးမော်ဒယ်တစ်ခု အဖြစ် စတင်မိတ်ဆက်ပြသခဲ့ကတည်းက နာမည်ကြီးခဲ့တဲ့ Sony Touchscreen Projector ကတော့ အမှန်တကယ်ထွက်ရှိလာပါပြီ။ “Xperia Touch” လို့ နာမည်ပေးထားတဲ့ ယခု Projector ကို Amazon မှာ စတင်ဝယ်ယူနိုင်နေပြီဖြစ်ပြီး၊ စျေးနှုန်းကတော့ ဒေါ်လာ ၁၆၉၉.၉၉ ဒေါ်လာတောင် ရှိတာကြောင့် လူတိုင်း လက်လှမ်းမီမယ့် စျေးတော့ မဟုတ်ပါဘူး။


                “Xperia Touch” Projector ကို Amazon အပြင် New York City က ကုမ္ပဏီပိုင် Sony Square Store၊ Chicago, Los Angeles နဲ့ Miami တို့က T-Mobile Retail Stores တွေမှာလဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒီ Projector ရဲ့ အထူးခြားဆုံးစွမ်းဆောင်ရည်ကတော့ မျက်နှာပြင်ပြားတဲ့ နံရံတွေ၊ စားပွဲတွေနဲ့ ကြမ်းပြင်တွေမှာ ၂၃ လက်မကနေ ၈၀ လက်မအထိ အရွယ်အစားရှိတဲ့ ပုံရိပ်တွေကို ထိုးပေးနိုင်ပြီး၊ ဒီ Images တွေကို Touchscreen အဖြစ်လည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ Image Resolution က 1366 x 768 pixels ရှိပြီး၊ Brightness အနေနဲ့ 100 Lumens ရှိတာကြောင့် နံရံတွေ၊ စားပွဲတွေမှာ ပုံရိပ်ထိုးထားပေမယ့် ထင်ထင်ရှားရှား မြင်တွေ့အသုံးပြုနိုင်မှာပါ။ ဒီ့အပြင် Xperia Touch မှာ 13-Megapixel ကင်မရာတစ်လုံးနဲ့ Infrared Sensor တို့ပါဝင်ပြီး၊ အသုံးပြုသူရဲ့ လက်လှုပ်ရှားမှုတွေကို Record ဖမ်းယူထားမှာဖြစ်ကာ၊ User က ဘာလုပ်လိုက်လဲ၊ ဘာနှိပ်လိုက်လဲ ဆိုတာတွေကို 60 fps နှုန်းနဲ့ Projector ကို ပြန်အသိပေးမှာ ဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုခဲ့သူ တော်တော်များများကတော့ သာမန် Touchscreen Tablet တစ်လုံး သုံးရသလောက် နီးပါး မြန်ဆန်တယ်လို့ ဆိုပါတယ်။


                Xperia Touch ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Android 7.0 Nougat စနစ်အသုံးပြုထားတဲ့ Projector တစ်လုံးဖြစ်တာကြောင့်၊ Android ဖုန်းနဲ့ တက်ဘလက်တွေမှာ သုံးလို့ရတဲ့ အရာတွေအကုန် အသုံးပြုနိုင်မှာပါ။ Web Browsing လုပ်တာ၊ Video ကြည့်တာတွေအပြင် Google Play က Apps တွေကိုလည်း Download ဆွဲပြီး ဂိမ်းဆော့၊ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီ့အပြင် Microphone တစ်ခုလည်း တပါတည်းပါဝင်တာကြောင့် Google Assistant ကနေ Voice Commands တွေကိုလည်း ခိုင်းစေနိုင်ဦးမှာပါ။ Stereo Speakers လည်း အဆင်သင့်ပါဝင်လာမှာ ဖြစ်ပါတယ်။

                အားနည်းချက်တစ်ခုကတော့ ဘက်ထရီပါဝင်ပေမယ့်၊ အားအပြည့်သွင်းထားရင် တစ်နာရီလောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အားသွင်းဖို့ကတော့ USB-C Port တစ်ခု ပါဝင်ပါတယ်။



                Sony ရဲ့ Xperia Touch Projector ဟာ အခုမှ ပထမဆုံး Generation ပဲ ရှိသေးပြီး၊ နည်းပညာအသစ်တစ်ခုကို ထုတ်ပြထားတဲ့ Product တစ်ခုဖြစ်တာကြောင့် စျေးတော်တော်မြင့်နေပြီး၊ လူတိုင်းသုံးနိုင်မယ့် Product တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း Generation တွေ ထွက်လာရင်တော့ နည်းပညာတွေ ပိုကောင်းလာနိုင်သလို၊ စျေးလည်း ကျသွားလောက်မယ်လို့ မျှော်လင့်မိပါတယ်။

                Sony ဟာ Touchscreen Display အပြင်၊ Augmented Reality နည်းပညာနဲ့ 3D ပုံရိပ်တွေပါ Project ထိုးပေး၊ ထိတွေ့အသုံးပြုနိုင်တဲ့ Projector နည်းပညာတစ်ခုကိုလည်း အကောင်အထည် ဖော်လျက်ရှိပါတယ်။

References
Engadget Android Authority
About Author
Assinged Tags
Augmented Reality Sony Touchscreen Projector Projector Xperia Touch Android Projector
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed