Razer ရဲ့ ပထမဆုံးစမတ်ဖုန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားမည်

date_range 12 October 2017

Razer ရဲ့ ပထမဆုံးစမတ်ဖုန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားမည်

visibility 9600 Views

                နာမည်ကြီး Gaming Laptop တွေနဲ့ Gaming Accessories တွေကို ထုတ်လုပ်နေတဲ့ Razer ကုမ္ပဏီကနေ Gaming ကို ဦးစားပေးတဲ့ Smartphone တစ်ခုကို ထုတ်လုပ်မယ်ဆိုပြီး ခဏခဏ သတင်းတွေပေါက်ကြားနေခဲ့တာ တော်တော်ကြာပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် Razer CEO Min-Laing Tan က ဒီနှစ်မကုန်ခင်မှာ Mobile Device တစ်ခုကို ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက်၊ အခုအချိန်မှာတော့ ကုမ္ပဏီရဲ့ Website မှာ နိုဝင်ဘာ ၁ ရက်နေ့ Event အတွက် Teaser Image တစ်ခု ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

                အဆိုပါ Teaser Image ရဲ့ ဓါတ်ပုံအရတော့ "WATCH ; Coming soon, Nov 1" လို့ပဲ ရေးသားထားတဲ့အတွက် စာသားအရတော့ မှန်းဆဖို့ ခဲယှဉ်းပြီး လူတစ်ယောက်က လက်ထဲမှာ စမတ်ဖုန်းလိုမျိုး Mobile Device တစ်ခုကို ကိုင်ထားပြီး၊ အနောက်ဖက်က နံရံမှာ Video နဲ့ ဂိမ်းအချို့ရဲ့ ရုပ်ပုံတွေကိုဖော်ပြထားတဲ့အတွက် Gaming ကို ဦးစားပေးတဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။ 

                ဒီအချက်ကို ခိုင်မာစေတဲ့ နောက်တစ်ချက်ကတော့ Razer ကိုယ်တိုင်က ဒီနှစ်အစပိုင်းမှာ Nextbit စမတ်ဖုန်းကုမ္ပဏီကို ဝယ်ယူခဲ့တာဖြစ်ပြီး၊ အဲ့ဒီအချိန်ထဲက Razer ကနေ စမတ်ဖုန်းထုတ်မယ်ဆိုတဲ့သတင်းတွေ ပြန့်နှံ့နေခဲ့တာ ဖြစ်ပါတယ်။ 

                မကြာသေးခင်ရက်ပိုင်းကလည်း Min-Laing Tan က Tom Moss နဲ့အတူ တွဲဖက်ရိုက်ကူးပြီး Twitter ပေါ်တင်ခဲ့တဲ့ ဓါတ်ပုံမှာလည်း ဂျင်းဘောင်းဘီအိပ်ကပ်ထဲမှာ Razer စမတ်ဖုန်းလို့ ယူဆရတဲ့ Mobile Device တစ်ခုကို တမင်ပြသခဲ့ပါသေးတယ်။ 

                ဘာပဲဖြစ်ဖြစ် Razer ရဲ့ စမတ်ဖုန်းအသစ်ကိုတွေ့မြင်ရဖို့ အချိန်သိပ်မလိုတော့ပဲ အခုထွက်လာမယ့် Razer ဖုန်းဟာ အခြားသော Razer Product တွေလိုပဲ Gamer တွေကို စွဲဆောင်နိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

References
Android Authority
About Author
Assinged Tags
Razer Gaming Related Razer Smartphone
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed